ပြီးခဲ့တဲ့ မေလ (၁၅)ရက်နေ့ က ဟက်ကာအဖွဲ့တစ်ခုရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့ ခင်လှိုင်တစယောက် ယမန်နေ့ည (၁၁) နာရီလောက်မှာ အကောင့်ပြန်လည်ရရှိသွားကြောင်းသိရပါတယ်။ အထက်ပါအကြောင်းအရာကို ခင်လှိုင်တစ်ယောက်အားလုံးပျော်ကြစေဖို့လှုမှုကွန်ယက်စာမျက်နှာကနေတဆင့်မျှဝေခဲ့တာဖြစ်ပါတယ်။

ခင်လှိုင်တစ်ယောက် "ကျွန်တော် acc လေးပြန်ရပါပြီ ပြန်ရအောင်ကူညီပေးခဲ့သောချစ်မိတ်ဆွေများကိုကျေးဇူးအထူးတင်ပါတယ်ဗျာ ကျွန်တော်ကိုစိတ်ညစ်အောင်လုပ်ခဲ့သော သူများကိုလဲကျန်းမာချမ်သာပါစေလို့ဆုတောင်ပေးပါတယ်။" ဆိုပြီးရေးသားထားတာကိုလည်းတွေ့ရပါသေးရဲ့ ။ ဒီကြားထဲမှာ ဟက်ကာတွေကြောင့်ချစ်စဖွယ် ခင်လှိုင် ရဲ့ သမီးလေးအကြောင်းက ကိုကိုမောင်မောင်တွေကြားရေပန်းစားသွားခဲ့တာကြောင့် သမီးရှင် ခင်လှိုင်တစ်ယောက် ခေါင်းကျိန်းနေမှာအသေအချာပါ။

အခုလို ဟက်ကာတွေရဲ့Hacking လုပ်ရပ်တွေဟာ အနုပညာရှင်တွေသာမကဘဲ ပြည်သူလူထုကိုပါ ထိခိုက်လာနိုင်ဖို့မိမိတို့ရဲ့ Facebook လုံခြုံရေးစနစ်ကို အဆင့်မြှင့်ထားဖို့ Myanmarload မှ အကြံပေးပါရစေနော်။ ပရိသတ်ကြီးရေ ခင်လှိုင်ရဲ့ ဝမ်းသာစရာသတင်းလေးကိုတခြားသူတွေအတွက်မျှဝေပေးပါဦးနော်။

Source - Khin Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။