အားလုံးကချစ်ကြတဲ့ စမိုင်းတစ်ယောက် အလှအပအတွက် အသေးစားပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ ဆံပင်ရှည်ရှည်လေးနဲ့လှနေတဲ့ စမိုင်းလ်တစ်ယောက် ချက်ချင်း ဆံပင်တိုတိုကို ညှပ်ပြီး ပြောင်းလဲပြလိုက်တာဖြစ်ပါတယ်။

ပရိသတ်ကြီးကတော့ အပြောင်းအလဲကြီးပြောင်းလဲသွားတဲ့ သူမကိုကြည့်ပြီးအားကျနေကြလေရဲ့။ ဆံပင်တိုတိုညှပ်လိုက်တဲ့အတွက် မမစမိုင်းလ်တစ်ယောက် ယခင်ကထက် ပိုပြီး နုငယ်သွားတာတော့အမှန်ပါ ။ ရာသီဥတုပူအိုက်ခြင်း ၊စတိုင်အသစ်ထုတ်ခြင်း ။ ပျက်စီးနေသော ဆံသားများကို ရှင်းထုတ်လိုခြင်းကြောင့် အမျိုးသမီးများ ဟာ မိမိ တို့ ဆံနွယ်များကို ပြုပြင်ကြလေ့ရှိပါတယ်။ 

BOB ဆန်ဆန် ဖောင်းဖောင်း ကေသာအလှ နဲ့ ယခင်ကထက် ပိုမိုနုငယ်သွားတဲ့ စမိုင်းတစ်ယောက်ဟာ ဓါတ်ပုံထဲမှာတော့ ကေသာအလှက သူမရဲ့ မျက်နှာအလှကို ပိုမိုပေါ်လွင်အောင် V shape ပုံဖော်ပေးထားသလို ဖြစ်နေတယ်လို့ ပရိသတ်တွေက မှတ်ချက်တွေမှာ ရေးသားထားကြပါတယ်။ မပြုမပြင် သနပ်ခါးလေးနဲ့ ၁၀နှစ်စာလောက်ပြန်လည်နုပျိုသွားတဲ့ စမိုင်းရဲ့ချစ်စရာပုံလေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source - Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။