မေလ(၁၆)ရက်နေ့၊ ဒီနေ့နေလည်၊ (၂)နာရီ(၅၀) မိနစ်ဝန်းကျင်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း(အလယ်ဘလောက်)တွင် မီးလောင်မှု တစ်ခု ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။အဆိုပါမီးလောင်မှုကတော့ မဟာဗန္ဓုလပန်းခြံလမ်း (အလယ်ဘေ လာက်)အတွင်းက ဆမ်ဆောင်းမိုဘိုင်းဖုန်း ဆားဗစ်စင်တာ မှ စတင်လောင်ကျွမ်းနေတာပဲ ဖြစ်ပါတယ်။

အဆိုပါ မီးလောင်ပြင်သို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ level1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျှက်ရှိတယ်လို့ သိရပါတယ်။မီးလောင်ရာ ဆမ်ဆောင်းမိုဘိုင်းဖုန်း ဆားဗစ်စင်တာအတွင်း မီးခိုးငွေ့များအရမ်းများနေတာကြောင့် မီး သတ်ရဲဘော်များအနေနဲ့ အောက်ဆီဂျင်ဗူးများတပ်ဆင်ပြီး ဆိုင်အတွင်း ခက်ခက်ခဲခဲ ကြိုးစားငြိမ်းသက်ခဲ့ကြ ရတယ်လို့ သိရပါတယ်။

ညနေ(၃)နာရီ(၁၀)မိနစ်အချိန်မှာတော့ မီးထိန်းနိုင်ခဲ့ပြီး (၃)နာရီ(၁၃)မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ တယ်လို့ ကနဦးသတင်းများအ ရသိရပါတယ်။လက်ရှိမှာတော့ မီးကြွင်းမီးကျန်များကို ဆက်လက်ငြိမ်းသတ်နေပြီး မီးစ တင် လောင်ကျွမ်းရတဲ့ အကြောင်းအရင်းကိုဆက်လက် စစ်ဆေးရှာဖွေနေတယ်လို့ မီးသတ်အရာရှိတစ်ဦး က ပြောပါတယ်။နောက်ဆက်တွဲသတင်းများကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။

သတင်းအရင်းအမြစ် - Myanmar Fire Services Department

Photo - Credit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။