ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ မေဂျီဆိုတဲ့ အမျိုးသမီးလေးကတော့ လူအများအံသြမှင်သက်စေနိင်တဲ့အရာတစ်ခုကို လုပ်ပြခဲ့ပါတယ်။ သူမကတော့ cosplay ထဲက ကောင်မလေးတွေရဲ့ ပုံစံကို ရူးသွပ်လှတာကြောင့် သူမရဲ့ နဂိုလက်ရှိ ခန္ဓာကိုယ်အချိုးအစားသာမက မျက်နှာပုံပန်းသဏ္ဍန်တွေကိုပါ ပြောင်းလဲပြစ်ခဲ့တာပဲဖြစ်ပါတယ်။

မေဂျီကတော့ ထိုကဲ့သို့ပြောင်းလဲရန်အတွက် ပလတ်စတစ်ဆာဂျီတွေလည်း ပြုလုပ်ခဲ့သလို ၊ အစားအသောက် လေ့ကျင့်ခန်းတွေကအစ သေချာ ဂရုတစိုက်ထိန်းသိမ်းဆောင်ရွက်ခဲ့ရပါတယ် လို့သိရပါတယ်။ သူမအနေနဲ့ ဖြစ်ချင်စိတ်ပြင်းပြလှတာကြောင့် အခက်အခဲတွေများစွာနဲ့ ခွဲစိတ်မှုပေါင်းများစွာကို ဒုက္ခဆင်းရဲ့ခံကာ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ သူမအရမ်းလိုချင်နှစ်သက်တဲ့ cosplay ထဲကပုံစံအတိုင်း မိန်းမပျိုလေး တစ်ယောက်အဖြစ်ပြောင်းလဲနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ထိုသို့ပြုပြင်ပြောင်းလဲရာတွင် သူမအနေနဲ့ ဂျပန်ယမ်းငွေ7 millons ကျော်ကျော်လောက်သုံစွဲခဲ့ရပြီး အမေရိကန် ဒေါ်လာ 64,200 လောက်ကုန်ကျခဲ့တာပဲဖြစ်ပါတယ်။

အခုဆိုရင်တော့ မေဂျီဟာ သူမအရမ်းလိုချင်ခဲ့တဲ့ မျက်နှာပုံစံလေးသာမက လှပကျော့ရှင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားလေးကိုပါ ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် သူမအနေနဲ့ အရမ်းပျော်ရွှင်နေရတယ်လို့သိရပါတယ်။ မထင်မှတ်ထားလောက်အောင် ပြောင်းလဲသွားခဲ့တဲ့ သူမရဲ့ ပုံရိပ်လေးတွေဟာဆိုရင်လည်း မကြွေဘဲမနေနိုင်လောက်အောင် ချစ်စရာကောင်းလှပါတယ်။ အံသြမှင်သက်စရာကောင်းလှတဲ့ ဆေးပညာအစွမ်းနဲ့ ကြိုးစားအားထုတ်မှုတို့ပေါင်းစည်းကာ အပြောင်းလဲကြီးပြောင်းလဲခဲ့တဲ့ မေရီ လေးရဲ့အကြောင်းကိုလည်း ပရိတ်သတ်တွေသိရှိနိုင်စေဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။

source - 9GAG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။