အနုပညာလောကတင်မက မြန်မာပြည်သူပြည်သားများရဲ့ အထင်ကြီးလေးစားမှုကို ရရှိထားတဲ့ ပရဟိတမင်းသားကြီး ဦးကျော်သူကိုတော့ အားလုံးချစ်ခင်မိမယ်ထင်ပါတယ်။ မြန်မာနိုင်ငံအနုပညာလောကထဲမှ ပထမဆုံး ပရဟိတလုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် လုပ်ဆောင်မှု သက်တမ်းကြီးရင့်သူတစ်ယောက်လည်းဖြစ်ပါတယ်။ 

လက်ရှိ ဦးကျော်သူကတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်သော်လည်း ပရဟိတအလုပ်တွေမှာ လစ်ဟင်းတာမျိုးမရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အဆိုပါလုပ်ဆောင်မှုများတွင် ဇနီးဖြစ်သူရဲ့ အကူညီများစွာကိုရရှိခဲ့သူတစ်ယောက်ဖြစ်ပြီး အခက်ခဲတွေကို ရင်ဆိုင်ခဲ့ဖူးသူတစ်ယောက်လည်းဖြစ်ပါတယ်။  

ဒီကနေ့ ဦးကျော်သူရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ပရဟိတလုပ်ဆောင်မှုတွေထဲက အတွေ့အကြုံလေးတွေကို မျှဝေခဲ့တာတွေ့ရပါတယ်။ ဦးကျော်သူရဲ့ ဖေ့စ်ဘွက်ပေါ်ကစာသားလေးကတော့

"လေတစ်တန်

ကုန်းတစ်တန်

ရေတစ်တန်

လှည်းတစ်တန်

ရွှံ့နွံထဲဖြတ်ခဲ့ရတဲ့ ပရဟိတဟောပြောပွဲများလည်းကြုံခဲ့ဘူးပါတယ်။ အခက်ခဲတွေကြားထဲက မွန်မြတ်တဲစိတ်ထားနဲ့ လုပ်ဆောင်နေတဲ့ ပရဟိတဇနီးမောင်နှံရဲ့ ဓာတ်ပုံလေးတွေနဲ့အတူ မျှဝေပေးလိုက်ပါတယ်။

Photos - Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။