နာမည်ကြီး Xiaomi ကုမ္ပဏီဟာဆိုရင် အခုအခါမှာတော သူတို့ရဲ့ အသစ်ထွက်ရှိလာမယ့် Mi 7 အတွက် အမှာစာများကို စတင်လက်ခတော့မှာ ပဲ ဖြစ်ပါတယ်။ ခုတလော လူတွေကြားထဲမှာ ရေပန်းစားနေတဲ့ Mi 7အတွက် အမှာစာတွေကို ယခုလာမယ့် မေလ ၂၇ ရက်နေ့မှာ စတင်လက်ခံတော့မယ်လို့ လည်း သါရပါတယ်။ ဒါပေမယ့် Xiaomi ကုမ္ပဏီကြီးကတော့ မှာ ယူနိုင်မယ့် ရက်စွဲကိုသာ ကြေငြာထားပြီး ဘယ်အချိန်မှာမှာယူနိုင်မလဲဆိုတာကိုတော့ မပြောသေးပါဘူး..

ပေါက်ကြားထားတဲ့ သတင်းများအရ Mi 7 ရဲ့ မျက်နှာပြင်မှာ လူကြိုက်များလှတဲ့ Notch ဒီဇိုင်းပါဝင်လာနိုင်ပြီး CPU ပိုင်းမှာဆိုရင် Qualcomm Snapdragon 845 Chipset နဲ့ မောင်းနှင်ပေးထားနိုင်ပါတယ်။ RAM အနေနဲ့ ကတော့ 6 GB နဲ့ 8GB ဆိုပီး နှစ်မျိုးထွက်၇ှိမှာ လည်း ဖြစ်ပါတယ်။ မှတ်ဉာဏ်ပိုင်းမှာဆိုရင် 64GB နဲ့ 128 GB ဆိုပီး ထွက်ရှိလာနိုင်ဖွယ်ရှိပါတယ်။ Camera ပိုင်းမှာဆိုရင်တော့ 16MP+16MP Dual Camera နှစ်လုံး ပါဝင်မှာ လည်း ဖြစ်ပါတယ်။ 

Xiaomi ကုမ္ပဏီကြီးကတော့ Mi 7နဲ့ ပတ်သက်ပြီး တရားဝင် ကြေငြာ ထားခြင်း မ၇ှိသေးပေမယ့်လည်း ဒီဇုန်းကို မှာ ယူမယ့်သူတွေ များပြားနေတယ်လို့ လည်း သိရပါတယ်။ ဒါ့ောကာင့် မကြာခင် ထွက်ရှိလာတော့မယ့် Mi 7 ဟာ ပေါက်ကြားထားတဲ့ သတင်းတွေ အတိုင်း ပွဲ ထွက်လာနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ချင်စရာ ကောင်းလှပါတယ်။  

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။