ပိုင်ဇေရဲထွန်းနဲ့ သူရဲ့ချစ်ရတဲ့ ဇနီးချောလေး ဇင်သဲနိုင်တို့ကတော့ လက်တလော ပရိသတ်တွေကြားမှာ အရမ်း ကိုရေပန်းစားနေတဲ့ အနုပညာရှင်စုံတွဲလေးတွေထဲမှာ တစ်တွဲအပါအဝင်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ဇနီး ဖြစ်သူရဲ့ လူမှုကွန်ယက်မှာ တင်ခဲ့တဲ့“ကမ္ဘာပေါ်မှာ ဆိုးချင်တိုင်းဆိုး လို့ရသူ” ဆိုတဲ့စာလေးနဲ့ ဘုရားပေါ် ကဓာတ်ပုံလေးတစ်ပုံဟာလည်း ပရိသတ်တွေအားလုံးကို အားကျစေခဲ့တာပဲ ဖြစ်ပါတယ်။ 

အရမ်းကိုလိုက်ဖက်ညီတဲ့ သူတို့ဇနီးမောင်နှံလေးကတော့ သားသားမီးမီးလေးတွေနဲ့ ပျော်ရွှင်တဲ့ အချစ်ခရီးလမ်း ကိုလျောက်လှမ်းနေကြတာပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့သားသားမီးမီးလေးတွေ (၃)ယောက်ရလာတဲ့အထိ ကြင်စဦးဇနီးမောင်နှံလေးတွေလို တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှု၊ကြင်နာမှု၊ မပြောင်းလဲတဲ့အချစ် တွေနဲ့ ချစ်ကြတဲ့ သူတို့ဇနီးမောင်နှံလေးကတော့ မြင်တဲ့သူတိုင်းအားမကျပဲ မနေနိုင်လောက်အောင်ပါပဲ ပရိသတ်ကြီး ရေ။မေလ(၁၇)ရက်နေ့ ညပိုင်းကလည်း ဇနီးဖြစ်သူရဲ့ လူမှုကွန်ယက်မှာ ထပ်မံမျှဝေလိုက်တာကြောင့် ပရိသတ်တွေ အချစ်ပိုနေကြရပြန်ပါတယ်။ 

သူမရဲ့ လူမှုကွန်ယက်မှာတော့ The love of a family is life’s greatest blessing ဆိုတဲ့စာလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေ မှျှဝေထားတာပဲ ဖြစ်ပါတယ်။သူတို့ မိသားစုလေးကတော့ မနေ့ညက Family K Box သွားခဲ့ကြတာဖြစ်ပြီး မိသားစုပါတီလေးအဖြစ်နဲ့ သီချင်းလေးတွေသွားဟဲခဲ့ကြတာပဲ ဖြစ်ပါတယ်။ပိုင်ဇေရဲထွန်းကတော့ သားသားလေးရဲ့မွေးနေ့ကိုအကြောင်းပြပြီး K Box သွားခဲ့ကာ ဇနီးဖြစ်သူကို သီချင်းလေးနဲ့ ချစ်တဲ့အကြောင်းတွေဖွင့်ပြောပြီး ချုပ်လိုက်တာပဲ ဖြစ်ပါတယ်။ဇနီးချောလေး ဇင်သဲနိုင်တစ်ယောက်လည်း အရမ်းကို ပျော်ရွှင်နေပြီး မြင်တွေ့ရတာတကယ့်ကို ကြည်နူးစရာပါပဲပရိသတ်တွေကြီးရေ။ ပရိသတ်တွေထပ်မံအားကျနေရတဲ့ သူတို့မိသားစုချစ်စရာပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ပိုင်ဇေရဲထွန်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။