တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေနဲ့ ပျော်ရွှင်စရာကောင်းပြီးအားကျစရာကောင်းတဲ့ အချစ်ရေးလေးကိုပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးတွေထဲမှာ အဆိုတော်လွှမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲလေးကလည်း အပါအဝင်ပါပဲ..။

ဂီတလောကမှာပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးဖြစ်တဲ့ အဆိုတော်လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ ချစ်သူသက်တမ်း(၉)နှစ်ပြည့်သွားပြီလို့ သိရပါတယ်..။

ချစ်သူသက်တမ်း(၉)နှစ်ပြည့်နေ့လေးမှာပဲ သူတို့နှစ်ယောက်လုံးရဲ့လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း စုံတွဲပုံလေးတွေ တင်ထားကြပြီး ပရိသတ်တွေကလည်း ဂုဏ်ပြုစကားလေးတွေ ပြောပေးထားကြတာ တွေ့ရပါတယ်..။

အနုပညာလောကမှာ ဝါသနာတူတဲ့သူတို့စုံတွဲလေးကတော့ စီးပွားရေးလုပ်ငန်းအနေနဲ့လည်း High Skool ဆိုတဲ့ ဖက်ရှင်ဆိုင်လေးကိုလည်း နှစ်ယောက်အတူ ဖွင့်လှစ်ထားပါသေးတယ်..။

အဆိုတော်လွှမ်းပိုင်ကတော့ တေးသီချင်းကောင်းတွေနဲ့အတူ လူငယ်ပရိသတ်တွေရဲ့အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကားတွေရိုက်ကူးထားပြီး မကြာခင်ရုံတင်ပြသတော့မယ့် “ငါ့ကိုနမ်းတဲ့မုန်တိုင်း” ဇာတ်ကားမှာလည်း ဖွေးဖွေး၊ ရဲရင့်အောင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်..။

အဆိုတော် Bobby Soxer ကလည်း ဂီတလောကမှာအောင်မြင်မှုတွေရရှိထားသလို သွက်လပ်တဲ့သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေတာ တွေ့ရပါတယ်..။

Photo - လွှမ်းပိုင်၊ Bobby Soxer

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။