ကျူးဘားနိုင်ငံမှာတော့ ခရီးသည်တင် လေယာဉ်တစ်စင်း စတင်ထွက်ခွာပြီးပြီးချင်းမှာတင် ပျက်ကြခဲ့တယ်လို့သိရပါတယ်။ ၎င်းလေယာဉ်ကတော့ ကျူးဘား အစိုးရပိုင် Cubana de Aviacion လေကြောင်းပိုင် အဲဒီ ဘိုးအင်း 737 လေယာဉ်ဖြစ်ပြီး လေယာဉ်ပေါ်မှာတော့ လူပေါင်း 100 ကျော်လိုက်ပါစီးနင်းလာတာပဲဖြစ်ပါတယ်။

ထိုသို့လေယာဉ်ပျက်ကြမှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့သိရပါတယ် ၃ ယောက်သာအသက်ရှင် ကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါအသက်ရှင်ကျန်သူ ၃ ယောက်ဟာဆိုရင်လည်း ပြင်းထန်သော ဒဏ်ရာတွေရရှိထားတာပဲဖြစ်ပါတယ်။

ကျူးဘားနိုင်ငံသမ္မတ မီဂဲ ဒီယက်ဇ်ကနဲ ကတော့ ယခုလိုလေယာဉ်ပျက်ကြရာမှာ သေဆုံးသွားတဲ့ပြည့်သူတွေအတွက် ဝမ်းနည်းစကားပြောကြားခဲ့ပေမယ့် ဘာကြောင့်ပျက်ကြခဲ့ရတာလဲဆိုတာတော့ သူကိုယ်တိုင်လည်းမသိသေးဘူးလို့သိရပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ ပတ်သတ်ပြီးတော့လည်း အခုချိန်မှာတော့ အရမ်းဝမ်းနည်းပူဆွေးနေရပြီး အစိုးရက သူတို့အတွက် ထောက်ပံ့မှုပေးမပေးကတော့ မသိရှိရသေးဘူးလို့သိရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။