မေလ(၁၈)ရက်နေ့ကတော့ လူငယ်ဟစ်ဟော့တေးသံရှင်နိုင်းဝမ်းရဲ့ (၃၁)နှစ်ပြည့်မွေးနေ့ ရက်မြတ်လေးပဲ ဖြစ်ပါ တယ်။ဒီနှစ်ကျရောက်တဲ့ မွေးနေ့လေးကိုတော့ အရင်နှစ်တွေကနဲမတူပဲ ထူးထူးခြားခြားလေးသာသနာဘောင် ထဲဝင်ရောက်ကာ ဒုလ္လဘရဟန်းအဖြစ်ခံယူခဲ့တာပဲ ဖြစ်ပါတယ်။ဒီနှစ်မွေးနေ့လေးမှာ ဒုလ္လဘရဟန်းဝတ်ရတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီလည်း သူရဲ့ လူမှုကွန်ယက်မှာရေးသားခဲ့ပါတယ်။ 

ဒီကနေ့ အသက် ၃၁နှစ်ပြည့် မွေးနေ့ဖြစ်တာကြောင့် ဘယ်နေရာမှာဘာလုပ်ရင်ကောင်းမလဲဆိုတာ တစ်ည လုံးစဉ်းစားကြည့်တယ်။ အသက်လဲ သုံးဆယ်ကျော်လာပြီဖြစ်လို့ အရင်ကလိုမွေးနေ့ပွဲတွေ လုပ်ပြီးတော့လဲ မပျော်ပါးချင်တော့ဘူး။ အဲဒါကြောင့် မွေးနေ့မှာ ကိုယ့်ကိုမွေးဖွားပြုစုပေးခဲ့တဲ့ မိဘကိုလဲ ကုသိုလ်ရအောင်လို့ ငါးကြိမ်မြောက်သင်္ဃန်းဝတ်ဖို့ဆုံးဖြတ်ခဲ့ပြီး ဘယ်သူမှမခေါ် ဘယ်သူ့ကိုမှမဖိတ် ဘယ်သူ့ကိုမှအသိမပေးပဲ တစ်ယောက်ထဲ ရန်ကုန်မြို့မှထွက်ခွာလာပြီး ဒီနေ့မွေးနေ့မှာ ရဟန်းခံဖြစ်ခဲ့ပါတယ်။ 

သာသနဘောင်ထဲမှာ ပျော်သလောက်နေပြီးမှပဲ ပြန်လာပါတော့မယ်ဗျာမွေးနေ့ဆုတောင်း ပေးခဲ့ကြပါသော ချစ်ပရိတ်သတ်များ၊ သူငယ်ချင်းများ ဒကာ ဒကာမတွေအားလုံးကိုလဲကျေးဇူးတင်ပါတယ်။အားလုံး ကိုယ်ရော စိတ်ပါ ကျမ်းမာချမ်းသာကြပါစေ”လို့သူရဲ့လူမှုကွန်ယက်မှာရေးသားထားတာပဲ ဖြစ်ပါတယ်။မွေးနေ့မှာထူးမြတ် တဲ့ အမှုကိုပြုခဲ့တဲ့နိုင်းဝမ်းရဲ့ ကောင်းမှုကုသိုလ်လေးတွေကိုလည်း ပရိသတ်တွေသာဓုခေါ်ဆိုနိုင်စေရန်မျှဝေပေး လိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - နိုင်းဝမ်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။