နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ အော်န်ဆိုးတစ်ယောက် waveplus ရေသန့် ကုန်ပစ္စည်း အသစ် မိတ်ဆက်ပွဲကို တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ အဖြူရောင်ဖက်ရှင်လေးနဲ့ သူမရဲ့ ပုံရိပ်တွေက စွဲမက်ဖွယ်ပါပဲ။ တိုင်းရင်းသူလေးတစ်ဦးဖြစ်ပြီး သူမရဲ့စကားသံဝဲ၀ဲလေးက အရမ်း ကိုချစ်ဖို့ကောင်းလွန်း ပါတယ်။ လှပလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့သူတစ်ဦးပါပဲ။

သူမရဲ့ပုံရိပ်တွေဟာ ဘယ်အချိန်ကြည့်ကြည့်ဆွဲဆောင်မှုတွေပြည့်နှက်လို့နေပါတယ်။ နိုင်ငံခြားခရီး စဉ် တွေမကြာခဏ ထွက်တတ်ပြီး နေရာအဆန်းအပြားရောက်ရင်လည်း ဒီနေရာ လေးတွေရဲ့ ရာဇဝင်ကို ပရိသတ်တွေကို ပြန်ပြီးပြောပြတတ်တဲ့ ချစ်စရာကောင်းတဲ့ တိုင်းရင်းသူ မော်ဒယ်လေး တစ်ယောက်ပါ။

Waveplus ရဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲကိုတက်ရောက်လာခဲ့တဲ့ သူမရဲ့အလှပဆုံးပုံရိပ်တွေ ကို " ပန်းလေးတစ်ပွင့် ဖန်ဆင်းပေးခဲ့သူ " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ အဖြူရောင်အင်္ကျ ီနဲ့ဘောင်းဘီ အရှည်ကို ဖက်ရှင်ကျစွာဝတ်ဆင်ထားပြီး ခြေလှမ်းတိုင်းမှာယုံကြည်မှု အပြည့်နဲ့ လျှောက်လှမ်းနေတဲ့ အော်န်ဆိုင်းရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Awn Seng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။