လီဗာပူးတိုက်စစ်မှူး ဖာမီနိုတို ကိုတော့ဘောလုံးချစ်ပရိသတ်ကြီးသိမှာပါ။လီဗာပူးပရိသတ်အချစ်တော်ကြီး ရော်ဘတ်တိုဖာမီနိုဟာ ဇနီးဖြစ်သူ လာရစ်ဆာပီရီရာ နဲ့အတူ စပိန်နိုင်ငံ အီဘစ်ဖာကျွန်းမှာ လောကကြီးကိုမေ့ထားပြီး Sexy ကျကျ ပင်ပန်းခဲ့သမျှကို အတိုးချ ပြီးအပန်းဖြေနေပါတယ်။

ဖာမီနိုကတော့ လီဗာပူးအသင်းအတွက် မယုံကြည်နိုင်လောက်အောင် ဂိုးတွေသွင်းပြနေပြီး ဦးဆောင်ဂိုး ၂၇ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၁၇ ဂိုးရရှိအောင် ပံ့ပိုးပေးနိုင် ခဲ့တာပါ။လာမယ့် မေလ ၂၆ ရက်နေ့မှာ ကျင်းပမယ့် နောက်ဆုံးဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ကန်ပြီး ချန်ပီယံလိဂ်ဖလားကို ရယူချင်နေပါတယ်။

လီဗာပူးတိုက်စစ်မှူး ဖာမီနိုဟာ ဘီကီနီ ဝတ်စုံဝတ်ဆင်ထားတဲ့ ဇနီးလာရစ်ဆာနဲ့အတူ အနမ်းပေးနေခဲ့ကြတာကို တွေ့ရမှာပါ။တစ်ချို့တော့ ဖာမီနိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နောက်ဆုံးဗိုလ်လုပွဲမကန်မီ လေ့ကျင့်နေတာဖြစ်ပြီး အားဖြည့်နေတာလို့ စနောက်နေကြပါတယ်။ပရိသတ်ကြီးလည်း ဖာမီနိုလို ဇိမ်ကျကျနဲ့ အပန်းဖြေချင်ကြမယ်လို့ထင်ပါတယ်။

Source : DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။