နိုင်ငံကျော်မင်းသမီးချောတစ်ဦးဖြစ်တဲ့ သရုပ်ဆောင်သင်ဇာနွယ်ဝင်းကတော့ အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်း အရင်ကထက်ပိုပြီး စိတ်ချမ်းသာပျော်ရွှင်တဲ့ မိသားစု Life လေးနဲ့ ဘဝကိုဖြတ်သန်းနေပါတယ်။ပျော်စရာကောင်း တဲ့မိသားစုလေးရယ်၊ချစ်ဖို့ကောင်းတဲ့သားလေးရယ်နဲ့ သူမအတွက် နေ့ရက်တိုင်းကတော့ အပျော်ဆုံးဖြစ်လို့နေ မယ်ဆိုတာမလွဲ ဧကန်ပါပဲနော်။ 

အိမ်ထောင်ကျပြီတဲ့ နောက်ပိုင်း အနုပညာလုပ်ငန်းတွေမလုပ် တော့ ပေမယ့် အနုပညာလုပ်ငန်းတွေလုပ်ကိုင်ခဲ့ တုန်းကလိုပဲ ချစ်ခင် နေဆဲ ဖြစ်တာကြောင့် သူမကတော့ တကယ့်ကို ကံအကောင်းဆုံး အမျိုးသမီးလေးလို့ ဆိုရပါမယ်။သူမရဲ့ ချစ်စရာကောင်းတဲ့ သားသားလေး ဟာဆိုရင်လည်း မွေးဖွားလာကတည်းက ပရိသတ်တွေချစ်ခဲ့ရတာဖြစ်ပြီး ဖြူဖြူလုံးလုံးလေးနဲ့ မက်မွန်သီးလေးတစ်လုံး ချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေ အသဲကျော်လေး ဖြစ် လို့နေပါတယ်။  

ဒီနေ့မှာလည်း သားသားလေးနဲ့ ပထမဆုံးအပြင်ထွက်တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း သူမရဲ့ လူမှုကွန် မှာရေးသားမျှဝေထားပါတယ်။ချစ်စရာကောင်းတဲ့ သားလေးနဲ့ ပထမဆုံးအကြိမ်အပြင်လျောက်လည်ခွင့်ရတာ ကြောင့် သင်ဇာနွယ်ဝင်းတစ်ယောက်လည်းအရင်းကို ပျော်ရွှင်နေပါတယ်။ချစ်စရာကောင်းတဲ့ သူတို့သားမိနှစ်ဦး ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - သင်ဇာနွယ်ဝင်း  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။