အားလုံးကချစ်ကြတဲ့ စူစူတစ်ယောက် ပရိသတ်ကြီးအတွက် မအားလပ်တဲ့ကြားထဲကနေ ယနေ့မနက်မှာ အောင်ဇမ္ဗူတောရဓမ္မရိပ်သာအထိသွားပြီး ကောင်းမှုကုသိုလ်တစ်ခုကိုလုပ်ကိုင်ဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါကောင်းမှုလေးကို အိချောပိုတစ်ယောက်သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေပြန်လည်မျှဝေပေးခဲ့တာပါ။

"ခရီးသွားခါနီး... ဘုရားပန်းကို ကိုယ်တိုင်အလှဆင်ကပ်လှူပြီး ချစ်ရတဲ့ပရိတ်သတ် ၇ ရက်သားသမီးအားလုံးအတွက်ဆုတောင်းမေတ္တာပို့သပေးခဲ့ပါတယ်။အားလုံးကျန်းမာချမ်းသာပြီး လိုရာဆန္ဒတွေကို အခက်အခဲမရှိလွယ်ကူစွာဖြင့် အမြန်ရရှိနိုင်ကြပါစေရှင်"ဆိုတဲ့ မေတ္တာပို့သံလေးကကြားရသူတိုင်း ရင်ကိုအေးချမ်းစေမှာအသေအချာပါ။

ပရိသတ်ကြီးလည်း မင်္ဂလာနံနက်ခင်းမှာ အိချောပိုရဲ့ကောင်းမှုအဖို့ဘာဂကို သာဓုခေါ်နိုင်ကြစေဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ ပရိသတ်ကြီးကလည်း စူစူ ရဲ့သွားလမ်းသာလာလမ်းဖြောင့်စေဖို့ဆုတောင်းပေးကြပါဦးနော်။

Source - Ei Chaw Po 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။