မိုးယုစံကတော့ လက်တလောမှာ သူမရဲ့ ချစ်စရာကောင်းတဲ့ သားလေးကို ကျောင်းထားတာနဲ့ ပတ်သတ်ပြီး ပရိသတ်တစ်ချို့ရဲ့ ဝေဖန်မှုခံနေရပါတယ်။မိဘကမထိန်းနိုင်လို့လား၊ပိုက်ဆံပေါနေလို့ (၈)လအရွှယ်ကလေး ကိုကျောင်းထားတာလားဆိုတဲ့ ဝေဖန်မှုတွေအပေါ် သူမကတော့ လူမှုကွန်ယက်ကနေ အသေးစိတ်ပြန်လည်ပြီး ရှင်းပြပေးလိုက်တာပဲ ဖြစ်ပါတယ်။ 

သူမရဲ့ လူမှုကွန်ယက်မှာတော့ “ ကလေး ကျောင်းထားတာနဲ့ပတ်သတ်ပီး နားမလည်ဝေဖန်သူတချို့ တွေ့ရ တော့ တခုတော့ပြောချင်ပါတယ်။ကလေးငယ်သေးတာမှန်ပါတယ် ဒါပေမဲ့ခေတ်အရ ၆လထဲကထား လို့ရတဲ့ ကျောင်းတွေပေါ်လာတာ လာထားကြတာလည်းတွေ့ရပါတယ် ဒီလိုထားလို့ မိဘက မထိန်းနိုင်လို့တို့ ထွင်တယ် လို့ ပိုက်ဆံပေါ်နေလားတို့ပေါ့ ဒီလိုကျောင်းက ကလေးနဲ့တူတူ မိဘပါတတ်ရတာပါ (ပိုတောင်ပင်ပန်းသေး)မိနစ် ပိုင်းပါပဲ ၈လအရွယ်ဆိုတာ သူတို့လေးတွေအရာရာကိုစူးစမ်းတတ်တဲ့အရွယ် ဒီအရွယ်မှာသူတို့ရဲ့အကြား အမြင်အထိအတွေ့ အားလုံးကိုသင်ကြားပေးရမှာပါ။ဒီလိုသင်ကြားတဲ့အချိန် မေမေများရဲ့လို အပ်ချက်တွေ ရှိတတ်ပါတယ ်(ဥပမာ-မိုးယုဆို သားသားကို ကစား စရာ တွေနဲ့ ဆော့ခိုင်းတယ် flash card လေးတွေနဲ့ရင်းနှီး အောင်ရွက်ပြပေးတယ် သီချင်းလေးတွေဖွင့်ပေးတယ် မုန့် တို့ အရာဝထ္ထုပစ္စည်းလေးတွေကိုင်ခိုင်းတယ်ဒါလေး တွေတော့ကျောင်းမှာသင်ပေးပါတယ်။

သိပ်မကွာဘူး ပေါ့နော် အဲ့ထဲမှာမှ ဟော ကိုယ်မသိတာလေးတွေ သင် တာတွေ့ရတာက ခြေတောက်လေးတွေ ရဲ့အထိအတွေ့ ဂွမ်း လေးပေါ်မှာဆို နူးညံ့တာ မြက်ခင်းပေါ်မှာကျတော့ကြမ်းတာ သီချင်းလေးဖွင့်ပီး လက်လေး တွေ လှုပ်ရှား ခိုင်းတာဂငယ်တယ်ဆိုပေမဲ့ ခုထဲက သူတို့လေးတွေ ပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံမှု တယောက် နဲ့ တယောက် sharingလုပ်ပေးမှု )ဒိလို ကိုယ်မသိတာတွေ လိုအပ်ချက်တွေမရှိအောင် ကျောင်း ထားရတဲ့ သဘောပါ ပိုက်ဆံပေါ်လို့ထားတယ်ပြောရအောင်လည်း ဘယ်သူမှပိုက်ဆံပေါ်နေတယ် ဆိုတာ မရှိပါဘူး လိုနေကြတာချည်းပါပဲ ကိုယ့်လို၁ကျပ်တောင်တန်းဖိုးထားသူအတွက် ဘာမှအလကားအဖြစ်မခံပါဘူး မိဘကမထိန်းနိုင်လို့ ဟုတ်လား တခါလောက်အိမ်လာကြည့်ကြပါလား။ 

မိုးယုက sensitiveဖြစ်တဲ့သူဆိုတော့ ကလေးကိုလေ အိမ်မှာဆိုတောင် ကိုယ့်မျက်စိရှေ့မှာပဲထားတယ် ကလေးကို မွေးထဲက အထိန်းမထားပါဘူး ကိုယ်ပဲလုပ်ပေးတယ် အဖိုးတွေအဖွားတွေကူထိန်းပေးတယ် အိမ်မှာတောင် ကလေးကိုတစ်ယောက်ဆို အဲ့တယောက်ပဲထိန်းခိုင်းတာ ခုထိ ကလေးကို တစိမ်းချီရင် mask အုပ်ရပါတယ် တခြားဘယ်သူမှမလုပ်ခိုင်းဘူး ချီတာ ကိုင်တာတောင်မကြိုက်ပါဘူး ကလေးမပြောနဲ့ သူ့ရဲ့ပစ္စည်းလေးတွေတောင် ကိုင်တာ အောက်ကျတာ ညစ်ပတ်တာ မကြိုက်ပါဘူး ထွင်ရအောင် ကိုယ်ထွင်နေတာလည်းမဟုတ် ခေးမေတွေလည်း သိရအောင် sharingလုပ်ပေးတာပါ။

ဒီလိုကျောင်းမှမဟုတ်ပါဘူး ကိုယ်တတ်နိုင်သလောက်ကျောင်းတွေထားရပါတယ် ကိုယ်တိုင်လည်းသင်တာလေးတွေသိရင်သင်ကြားပေးရပါတယ် မိုးယုတင်တာလေးတွေတွေ့လို့ လုပ်ပေးကြည့်ရင်လည်း အသိလေးတခုရရင်ပဲ ဝမ်းသာပါပီ ကိုယ့်ကလေးကို ကိုယ် ဂရုစိုက်လို့ လိုအပ်ချက်တွေမရှိအောင် ထားတာပေါ့ ကိုယ်တိုင်လည်းသင်ပေးတာပေါ့ သူတို့လေးတွေ ဖွံ့ဖြိုးအောင် နေထိုင် စားသောက်ကအစ အသေးစိတ်ဂရုစိုက်တတ်တဲ့သူပါ ကိုယ်တိုင်လုပ်မှကျေနပ် စိတ်ချရသူမို့လည်းအားလုံးကိုယ်တိုင်ပဲလုပ်ပါတယ် ဒါကို နားလည်မှပြောကြ ဝေဖန်ကြပါလို့ပဲပြောချင်ပါတယ် thanks”ပါဆိုပြီ ဝေဖန်သူတွေကို ရှင်းပြလိုက်တာပဲ ဖြစ်ပါတယ်။ သူမကတော့ မေလ(၁၇)ရက်နေ့မှာ သရုပ်ဆောင်သင်ဇာနွယ်ဝင်းရဲ့ သားလေးနဲ့ အတူ PEOPLE IMPACT ကျောင်းလေးမှာ ကျောင်းစတင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - မိုးယုစံ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။