ရီးရဲလ်မက်ဒရစ်အသင်းနည်းပြဟာ လာမယ့် လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ တောင်ပံကစားသမား ဂါရက်ဘေးလ်ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းကစားသွားမယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ဇီဒန်းက ဂါရက်ဘေးလ်ဟာ ဘယ်တော့မှ အရှုံးမပေးသူတစ်ယောက်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးကွင်းမှာလည်း အပြင်းအထန်ကြိုးစားပြီး ဂိုးသွင်းဖို့ ယုံကြည်မှုတွေ ရှိနေပြီလို့ ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြဇီဒန်းကတော့ ဂါရက်ဘေးလ်ကိုယုံကြည်သောကြောင့်သူဟာကွင်းထဲမှာကစားဖို့ ပျော်ရွှင်နေသလို ယုံကြည်ချက်အပြည့်ရှိနေပြီလို့လည်း ချီးကျူးခဲ့ပါတယ်။ဂါရက်ဘေးလ်ဟာ အခုနှစ်ဘောလုံးရာသီ အစောပိုင်းအထိ ဒဏ်ရာကြောင့် အနားယူနေခဲ့ရလို့ အသင်းကနေ ရောင်းထုတ်ဖို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ပြန်လည်ကောင်းမွန်လာချိန်မှာ ခြေစွမ်းပြနိုင်တာကြောင့် ဘေးလ်အနေနဲ့ အခြားဥရောပကလပ်အသင်းတွေကို ရောက်ရှိုဖို့ ရာခိုင်နှုန်းနည်းသွားခဲ့ပါ တယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာလိဂ်ပြိုင်ဘက်ဘာစီလိုနာအသင်းနဲ့၁၇မှတ်ကွာဟခဲ့သလိုရာသီ

အကုန်အမှတ်ရရှိမှုအရ အက်သလက်တီကိုအသင်းရဲ့ နောက် တတိယနေရာမှာသာရပ်တည်နိုင်ခဲ့ပါတယ်။နည်းပြဇီဒန်းကတော့ လိဂ်ရလဒ်နဲ့ ပတ်သက်လို့ အရေးပါတဲ့အချိန်တွေက ရာသီအစက ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီအရာတွေက ပြီးဆုံးသွားပြီးမို့ ရာသီအကုန်မှာ ဘာတွေ အကောင်းဆုံးလုပ်နိုင်မလဲဆိုတာ ပြတ်ပြတ်သားသားသိနေရမှာလည်း ဖြစ်ကြောင်း၊ သူတို့ဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်နေပြီဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ချန်ပီယံလိဂ် မှာတော့ ရီးရဲလ်မက်ဒရစ် အသင်းနှင့်အတူ ကစားသမားဂါရက်ဘေးလ်ကိုလည်းတွေ့ရတော့မှာဖြစ်ပါတယ် ။

photo scoure း  DVB


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။