အာဟာရပြည့်ဝနေတဲ့ တိုဟူးကိုသက်သတ်လွတ်သမားတွေ စားသုံးသင့်တဲ့ ဟင်းတစ် ခွက်လည်းဖြစ်ပါတယ်။ ပရိုတင်းဓာတ်တွေပါဝင်လို့ ကလေးလူကြီးမရွေးစားသုံးလို့ရပါတယ်။ တိုဟူးပူပူ နွေးနွေးလေးကို အချဉ်ရည်လေးနဲ့တို့စားလိုက်ခြင်းက ဘယ်အရာနဲ့မှ နှိုင်းလို့မရပါဘူး။ သူ့အရသာ က ဘယ်လိုပြောရမလဲ..။ တိုဟူးကပရိုတင်းဓာတ်တွေအပြည့်ပါတယ်နော်။ ပဲပိစပ်နဲ့လုပ်ထားတဲ့ တိုဟူးဟာ ကျန်းမာရေးအတွက် ဘယ်လောက်ထိအသုံးဝင်သလဲဆိုတာပြောပြပေးမှာပါနော်။ အာဟာရပေါင်းစုံနေတဲ့ တိုဟူးကို သက်သတ်လွတ်သမားတွေအတွက် အားထားရတဲ့ ဟင်းတစ်ခွက်လည်းဖြစ်ပါတယ်။ တိုဟူးသုပ် လေးနဲ့ ထမင်းစားလိုက်ရရင်ဖြင့် နောက်ထပ်အသားဟင်းတွေ ထပ်မလိုတော့ပါဘူး။ ဘာဖြစ်လိုလဲဆိုတော့ တိုဟူးမှာ ကျန်းမာရေးအတွက် အထောက်ကူပြုပေးတဲ့ ဓာတ်ပေါင်းစုံပါရှိနေတာကြောင်းဖြစ်ပါတယ်။ 

သက်သတ်လွတ်စားသူတွေဟာ ပရိုတင်းအပြည့်ပါဝင်တဲ့ တိုဟူးကို နေ့စဉ်စားပေးသင့်ပါတယ်နော်။ ကမ္ဘာ ကျန်းမာရေးအဖွဲ့ကြီးက တိုဟူးဟာ ကျန်းမာရေးနှင့်အညီးညွတ်ဆုံး အစားစားဖြစ်ကြောင်း ထောက်ခံပေး ထားကြပါတယ်။ သံဓာတ်၊ ကြေးနီဓာတ်၊ တွေကဟေမိုဂလိုဘင်ဆောက်တည်ရာမှာ အရေးကြီးတာမို့ တိုဟူးကအဲဒီစွမ်းအားကို ထုတ်လုပ်ပေးနိုင်ပါတယ်။ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖျက်ဆီးစေဖို့ အင်ဇိုင်းတစ်မျိုးလည်းပါဝင်နေပြီး တိုဟူးမှာပါဝင်တဲ့ ကြေးနီဟာလည်း အရိုးဆစ်ရောင်ရမ်းခြင်းတွေကို သက်သာစေနိုင်ပါတယ်။ တိုဟူးမှာပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်က အရိုးတွေ သန်စွမ်းဖို့အထောက်ကူပေး ရုံသာမက အရိုးပါးဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ 

အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ နှလုံးကျန်းမာရေးအတွက် သွေးကြောထဲမှာ သွေးခဲမှုမဖြစ်စေရန်ကာကွယ် ပေးပါတယ်။တိုဟူးစားခြင်းက ကိုလက်စထရောကိုလည်း လျော့ကျစေပါတယ်။ ဖရီးရယ်ဒီယယ်တွေကိုတွန်း လှန်ပေးနိုင်တဲ့ အစွမ်းသတိပါတဲ့ တိုဟူးကို နေ့စဉ်စားပေးသင့်ပါတယ်။ ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်နော်။ အိုက်ဆိုဖလေဗုန်းကြောင့် ရင်သားကင်ဆာ ၊ ဆီးကျိတ်ကင်ဆာ၊ ဖြစ်ခြင်းမှ လည်း ကာကွယ်ပေးပါတယ်။သွေးဆုံးမည့်အချိန်တွင် ကြိုတင်ခံစားရတဲ့ သွေးဆုံးကိုင်ဝေဒနာတွေကို သက်သာစေပါတယ်။ဒါကြောင့် တိုဟူးလည်းစားရင် ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပေးမှာဖြစ်ပါ တယ်နော်။ အားလုံးပဲကျန်းမာရွင်လန်းကြပါစေ။

Source : ကြယ်စင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။