လက်ရှိရေပန်းစားလူကြိုက်များနေတဲ့ သရုပ်ဆောင်မင်းသားတွေထဲမှာ ပရိသတ်အချစ်တော် အောင်ရဲလင်းတစ်ယောက်လည်းပါမယ်ထင်ပါတယ်။ အောင်ရဲလင်းကတော့ သရုပ်ဆောင်မှုပိုင်းမှာ ဝါရင့်သူတစ်ယောက်ဖြစ်တဲ့အပြင် ဆွဲဆောင်မှုပိုင်းမှာလည်းထိပ်တန်းစာရင်းဝင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိ ရိုက်ကူးနေတဲ့ "မတစ်ထောင်တစ်ကောင်ဘွား " ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်တွေအားပေးမှုအများဆုံးရရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

အဆိုပါ ဇာတ်ကားကို နာမည်ကြီးစာရေးဆရာကြီးတစ်ဦးဖြစ်တဲ့ ဆရာမင်းသိင်္ခ မှရေးသားထားပြီး ပရိသတ်တွေကြား နာမည်ကြီးရေပန်းစားခဲ့တဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။ အဆိုပါဇာတ်ကားကို နာမည်ကြီးအနုပညာရှင်များဖြစ်တဲ့ ကျော်ရဲအောင်၊ အောင်ရဲလင်း၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်အပါအဝင် အခြားနာမည်ကျော်အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ရိုးပွဲတွင်ကြည့်ရှုသူများပြားခဲ့ပြီး ပရိသတ်များစွာရဲ့ ကျေနပ်အားရမှုတွေကို ရရှိခဲ့ကြောင်းသိရပါတယ်။  

အဆိုပါ ဇာတ်ကားမှ ပရိသတ်အချစ်တော် အောင်ရဲလင်းရဲ့ သရုပ်ဆောင်မှုပိုင်းတွေမှာ ပရိသတ်တွေရဲ့ အားရကျေနပ်မှုများစွာရှိခဲ့ကြောင်း သိရပါတယ်။ ချစ်ပရိသတ်များအတွက် မကြာမီပရိသတ်တွေဆီရောက်လာတော့မယ့် "မတစ်ထောင်တစ်ကောင်ဘွား " ရုပ်ရှင် မိတ်ဆက်ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - မတစ်ထောင်တစ်ကောင်ဘွား 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။