အူဝဲလို့ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ အားလုံးရဲ့အချစ်တော် မင်းသမီးချောအိန္ဒြာကျော်ဇင်ကတော့ အမိုက်စား စမတ်ကျကျဖက်ရှင်အလန်းစားလေးတွေအပြင် နုပျိုလှပမှုတွေနဲ့လည်း ပရိသတ်တွေရဲ့ အမြင်အာရုံတွေကိုအမြဲဖမ်းစားနိုင်သူပါပဲ..။

အခုတစ်ခါမှာလည်း ယုံကြည်မှုရှိရှိနဲ့ ကြွကြွရွရွလေးလှနေတဲ့ သူမရဲ့ဖက်ရှင်လေးတွေနဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို အချစ်ပိုစေပြန်တာ တွေ့ရပါတယ်..။

အနက်ရောင်ဖက်ရှင်ကျကျလေးလှနေတဲ့ ကြွကြွရွရွလေးလှနေတဲ့ အူဝဲကတော့ “MDS Myanmar Plaza" ရဲ့ (၃) ဆိုင်မြောက်ဆိုင်ဖွင့်ပွဲ အခမ်းအနားကို တတ်ရောက်ခဲ့တာ ဖြစ်ပါတယ်..။

ချစ်စဖွယ်ဟန်ပန်အမူအရာလေးတွေနဲ့ အနှိုင်းမဲ့လှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုတော့ အူဝဲက သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ချစ်ရတဲ့ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

ပြည်သူ့အသည်းကျော်မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ ဆယ်စုနှစ်ကတည်းက ယနေ့ချိန်ထိပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို တမူထူးခြားတဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်..။

လတ်တလောမှာလည်း အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေသလို အခမ်းအနားပွဲတော်တော်များများမှာလည်း မပါမဖြစ်လောက်အောင် ဖိတ်ကြားခံရတဲ့ပြည်သူချစ်အနုပညာရှင်ဆယ်လီတစ်ဦးပါပဲ..။

Photo - အူဝဲအင်စတာဂရမ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။