ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာတွင်ဖျော်ဖြေနေသည် အောင်ပင်လယ်ဆပ်ကပ်အဖွဲ့ကြီးမှဆပ်ကပ်ပညာရှင်(joker)ဟာသလူရွှင်တော် ကြက်တူရွေး(ခေါ်) နေမင်း သည်ဆပ်ကပ်ပညာများဖြင်ဖျော်ဖြေနေစဉ်အတွင်းလူရမ်းကားတစ်ချို့က လေးခွဖြင့် ပစ်သောကြောင့် ယာဘက်မျက်လုံးအတွင်းသို့လောက်စာလုံးဝင်သွားပြီး မျက်စိတစ်ဖက်ပျက်စီးသွားကြောင်းသတင်းကြားလျင် ကြားကြားချင်း ဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ အလုပ်အမှုဆောင်များ ဖြစ်သည့် ဦးဌေးလွင်ဦးဆောင်သောအဖွဲ့တို့မှ ညတွင်းချင်း သွားရောက်၍ လိုအပ်သည့်ကူညီဆောင်ရွက်မှုများ ကူညီဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်။ 

မျက်စိတစ်ဖက်ထိခိုက်ခဲ့သော လူရွှင်တော်ကြက်တူရွေး(ခ) မောင်နေမင်းအတွက် မန်လေးတိုင်းသဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီမ(ှ ၃သိန်း)၊အာဇာနည်စန်းစန်း ဆပ်ကပ်အဖွဲ့တာဝန်ခံ၊ဦးကျော်ဦးမှ( ၃ သိန်း )၊ ရွှေမန်းသဘင် ဦးချမ်းသာမှ (၁သိန်း) စံပြသဘင်ဟန်ဇာမိုးဝင်းမှ (၁သိန်း)ကျပ် ရမည်းသင်းမြို့နယ် သဘင်အစည်းအရုံးမှ (၃သောင်း)ကျပ် တို့အား စုပေါင်းကူညီထောက်ပံ့ပေးခဲ့ကြကြောင်း ကို နိုင်ငံကျော်ဟာသလူရွှင်တော် ဦးကောင်းကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖြန့်ဝေပေးခဲ့တာပါ။

လှုရွှင်တော်ကြက်တူရွေး ရဲ့ ကျန်းမာရေးအနေအထားကိုတော့ အသေးစိတ် ဖော်ပြထားခြင်းမရှိပါဘူး ။ မျက်လုံးတစ်ဖက် ပျက်စီးသွားတဲ့အထိတိုက်ခိုက်ခဲ့ရတဲ့ အပေါ်မှာ သဘင်ပညာရှင်တွေက တရားမျှတစွာ ဖြေရှင်းပေးဖို့ကိုလည်း တောင်းဆိုနေကြပါပြီ။ ပရိသတ်ကြီးရေ လဲနေသူထူကူပေးတဲ့ သဘင်ပညာသည်တွေအတွက် သာဓုခေါ်ပေးလိုက်ကြရအောင်ပါ။

Source - U Kaung Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။