ချစ်ပရိသတ်ကြီး အိမ်မှာလည်း ခွေးတွေရှိမှာပါ။တကယ်တော့ ခွေးလေးတွေဟာ သတ္တဝါတွေ ထဲမှာ သစ္စာအရှိဆုံးဖြစ်ပါတယ်။ ခွေးလေးတွေဟာ လူတွေရဲ့ မိတ်ဆွေကောင်း အဖော်မွန်ကောင်း လည်း ဖြစ်ပြီး ချစ်စရာအကောင်းဆုံး သတ္တဝါလေးတွေ ဖြစ်ပါတယ်။သူတို့လေးတွေကတော့ လူမွေးအများဆုံး သတ္တဝါပဲဖြစ်ပါတယ်။

ယခုဖော်ပြတဲ့ပုံလေးတွေကတော့ ချစ်စရာကောင်းတဲ့ ခွေးပုံလေးတွေနဲ့ သနားစရာကောင်းတဲ့ခွေးပုံလေးတွေ ကိုနှိုင်းယှဉ်ပြထားပါတယ်။လူတွေရဲ့ပြုစုမှုခံနေရသောခွေးလေးတွေက ချစ်စရာကောင်းတာမြင်တွေ့ရမှာပါ။တစ်ဖက်မှာလည်း လူတွေရဲ့စွန့်ပစ်ခြင်းခဲ့ရသောခွေးလေးတွေပဲဖြစ်ပါတယ်။

ဒီခွေးလေးတွေကတော့မျိုးရိုး သာတူပြီး ဘဝကမတူကြပါဘူး။အဆိုပါပုံတွေ ထဲမှာ ဝဖြိုးနေတဲ့ ချစ်စရာခွေးလေးတွေကိုသာချစ်ကြမှာဖြစ်ပြီးတွစွန့်ပစ်ခြင်းခံခဲ့ရတဲ့ သနားစရာခွေးလေးတွေကိုတော့ချစ်ကြမယ်မထင်ပါဘူး။ချစ်ပရိသတ်ကြီးလည်း ကိုယ့်အိမ်မှာ ရှိတဲ့ခွေးလေးကို ချစ်ခင်ကြပြီး စွန့်ပစ်ခံရတဲ့ သနားစရာခွေးလေးတွေမဖြစ်အောင် ကိုယ့်အိမ်ကခွေးလေးတွေကို မစွန့်ပစ်ကြဖို့ တောင်းဆိုအပ်ပါတယ်။

Source : Sadcasm

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။