နာမည်ကျော်မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မေမြင့်မိုရ်တစ်ယောက် သူမရဲ့အိပ်ယာထက် က မွေ့ယာခင်းအသစ်လေးကြောင့် စိတ်ကြည်နူးနေတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို တင်ထား တာပဲ ဖြစ်ပါတယ်။ ဖြူစင်တဲ့အပြုံးလေးတွေအမြဲပြုံးတတ်ပြီး ပရိသတ်တွေကို အပြည့်အဝဆွဲ ဆောင်ထားနိုင် သူလေးတစ်ယောက်ပါပဲ။

" ပုဂံမြို့သူ " ဇာတ်လမ်းတွဲမှာလည်းပါဝင်သရုပ်ဆောင်ထားပြီး မကြာခင်မှာပရိသတ်တွေ ရှေ့ကို ရောက်ရှိလာတော့မယ့် အမိုက်စားဇာတ်လမ်းတွဲတစ်ပုဒ်ပါပဲ။ MRTV 4 ရဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိလာတာဖြစ်ပါတယ်။ ဥပဒေနဲ့ ဘွဲ့ရထားပြီး သူမကရှေ့နေတစ်ယောက်ဖြစ်ချင်တယ်လို့ လည်းဆိုပါတယ်။

သူမရဲ့အဖြူရောင်သန့်သန့်စင်စင်မွေ့ယာလေးကို " မေရဲ့ချစ်လှစွာသောအိပ်ရာလေးကို အိပ်တဲ့အခါအိမ်မက်လှလှလေးတွေမက်အောင် အိစက်ညက်ညောတဲ့အိပ်ရာခင်း ခင်းပေး သွားတဲ့ ကိုရီးယားနိုင်ငံထုတ်Absolon POLY Insulation ကိုကျေးဇူးတင်ပါတယ်ရှင့် အအိပ် မက်တဲ့မေတော့ Sleepy May ဖြစ်တော့မယ် " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ အဖြူရောင် မွေ့ယာ အဖြူရောင်အင်္ကျ ီ အဖြူရောင်အပြုံးလေးတွေနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ မေမြင့်မိုရ်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - May Myint Mo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။