ပြည်သူ့အချစ်တွေကိုအခိုင်အမာသိမ်းပိုက်ထားတဲ့ မင်းသမီးချောလေး ဖွေးစိန်ကတော့ ညို့အားပြင်းတဲ့ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့အမြင်တွေကို ထပ်မံဖမ်းစားလိုက်ပြန်ပါပြီ..။

ရွှေအိုရောင်ဝတ်စုံလေးနဲ့ ကြော်ငြာရိုက်ကွင်းပေါ်က ညို့အားပြင်းပြင်းဆွဲဆောင်နေတဲ့သူမရဲ့ဖက်ရှင်ပုံရိပ်လေးတွေကတော့ ရွှေအိုရောင်နတ်မိမယ်လေးတစ်ပါးအလား ထင်မှတ်စေပါတယ်..။

ပရိသတ်အသည်းကျော် ရွှေမင်းသမီးချောလေး ဖွေးစိန်ရဲ့ ညို့အားပြင်းတဲ့အလှပုံရိပ်လေးတွေကတော့ ဇွဲထက်ရွှေဆိုင်ကြော်ငြာအတွက် အလှဓာတ်ပုံလေးတွေရိုက်ကူးပေးထားပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေကိုအမြဲအချစ်ပိုစေတဲ့ ဖွေးစိန်လေးရဲ့ ညို့အားပြင်းပြင်းလှနေတဲ့အလန်းစားပုံရိပ်လေးတွေကလည်း သူမကိုအချစ်ပိုသထက်ပိုစေပြန်ပါတယ်..။

ဖွေးစိန်လေးကတော့ အနုပညာလောကမှာ သူမရဲ့သရုပ်ဆောင်ပီပြင်မှုတွေအပြင် ပွင့်လင်းတဲ့သူမရဲ့ချစ်စဖွယ်အမူအရာလေးတွေကြောင့်လည်း ဆယ်စုနှစ်တစ်ခုတိုင်ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုအခိုင်အမာရရှိထားတဲ့ ပြည်သူချစ်မင်းသမီးတစ်ဦးပါပဲ..။

လတ်တလောမှာလည်း အနုပညာလုပ်ငန်းတွေ့ိုဆက်တိုက်လုပ်ဆောင်နေသလို သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေကိုအမြဲပြန်လည်မျှဝေလေ့ရှိတာ တွေ့ရပါတယ်..။

Photo - ဇွဲထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။