2017 -2018 ဘောလုံးရာသီအတွက် ရွှေဖိနပ်ဆုကိုတော့ ဘာစီလိုနာအသင်းရဲ့ မျက်လှည့်ဆရာကြီး ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင်သစ် ဖြစ်လာမဲ့ မက်ဆီက သိမ်းပိုက်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ ဒီဆုကို စုစုပေါင်း 5 ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပြီး ပြိုင်ဘက်ကြီး ရိုလ်နယ်ဒို ကတော့ ၄ကြိမ်ရရှိထားပါတယ်။ 

ဘာစီလိုနာအတွက် စုစုပေါင်း သွင်းဂိုး 34 ဂိုးအထိ သွင်းယူပြီး၊ ရမှတ် 68 မှတ်နဲ့ ဥရောပ ရွှေဖိနပ်ဆုကို သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။ လီဗာပူကစားသမား ဆာလတ်က 32 ဂိုး၊ စပါးတိုက်စစ်မှုး ဟယ်ရီကိန်းက 30 ဂိုးနဲ့ အသီးသီး ရပ်တည်သွားနိုင်ခဲ့ပါတယ်။ မက်ဆီကတော့ ဥရောပ ရွှေဖိနပ်ဆု 5 ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ဘက်ကြီး ရိုလ်နာဒို ကရွှေဖိနပ်ဆုကို ၄ကြိမ်ရရှိထားပါတယ်။ သူတို့ရဲ့နောက်မှာတော့ ဂန္တဝင်ကစားသမားကြီး ဂတ်မူလာက နှစ်ကြိမ်ရရှိထားပါတယ်။

မက်ဆီကတော့ ပြိုင်ဘက်ကြီး ရိုလ်နယ်ဒိုထက် အစစအရာရာတစ်ခုပိုသာနေတယ်လို့ဘာစီပရိသတ်တွေကစနောက်နေကြပါတယ်။မက်ဆီကတော့ကလေး၃ယောက် ရိုလ်နယ်ဒိုက ကလေး၂ယောက်ရရှိနေပြီး ရွှေဖိနပ်ဆုမှာလည်း မက်ဆီက ၅ကြိမ် ရိုလ်နယ်ဒိုက ၄ကြိမ်ရရှိထားတာကြောင့်ဘာစီပရိသတ်တွေက စနောက်နေကြတာပါ။ချစ်ပရိသတ်ကြီးလည်း ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင်သစ် ဖြစ်လာမဲ့ရွှေဖိနပ်ဆုရှင် မက်ဆီကို ဂုဏ်ပြုချီးမြင် ပေးလိုက်အောင်လားခင်ဗျာ။ 

Source: SM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။