ရုရှားနိုင်ငံ အာတိတ်ရေခဲပြင်ဒေသက ဆိုက်ဘေးရီးယား အနောက်မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ အဆိုပါ လူမျိုးတွေကို တစ်ကမ္ဘာ့လုံးက သွေးစုပ်ဖုတ်ကောင်လို့ခေါ်ကြပါတယ်။အဆိုပါနေရာမှာ ရက်ပေါင်း ၂၆၀ လောက်မှာ ရေခဲနဲ့ ဆီနှင်းတွေကိုပဲ မြင်ရတဲ့အအေးဆုံး နေရာဖြစ်ပါတယ်။ဒရယ်မွေးခြင်း အမဲလိုက်ခြင်း အလုပ်တွေကိုသာလုပ်ကိုင်ပြီး တောတောင်တွေ ရေခဲပြင်ဒေသတွေမှာပဲနေထိုင်ကြတာပါ။

အဆိုပါနေရာမှာတော့ လူဦးရေစုစုပေါင်း ၄ သောင်းကျော်ခန့်နေထိုင်ကြပါတယ်။ ယနေ့အချိန်မှာတော့ အဆိုပါလူမျိုးစုထဲက အနည်းငယ် သာ ဆရာဝန် ၊ ရှေ့နေ အလုပ်တွေကို လုပ်ကိုင်ကြပေမယ့်လည်း အများစုကတော့ သူတို့လူမျိုးစုတွေရဲ့ ရှေးအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပါတယ်။ 

တစ်ကမ္ဘာ့လုံးကတော့ သူတို့ကို သွေးစုတ်ဖုတ်ကောင်လူမျိုးစုလို့ အမည်ပေးထားကြပါတယ်။ ဒီလူမျိုးတွေဟာ သားကောင်တွေ ၊ငါးတွေကို ရတဲ့ အခါ မချက်ဘဲ အစိမ်းလိုက်စားတတ်ကြပါတယ်။ လူကြီးတွေကော ကလေးတွေပါ စားနေတာကို အဆိုပါပုံတွေမှာ မြင်တွေ့ရပါတယ်။ သူတို့ကတော့ အစိမ်းစားလို့ရောဂါရတယ်ဆိုတာ မရှိပါဘူးလို့ပြောထားပါတယ်။

Source : KV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။