ပရဟိတလုပ်ငန်းတွေမှာ စံပြမင်းသားတစ်ဦးဖြစ်တဲ့ အကယ်ဒမီသရုပ်ဆောင်မင်းသား ဝေဠုကျော်ကတော့ ချင်းပြည်နယ်မှာရှိတဲ့ ချင်းလူမျိုး ဗုဒ္ဓဘာသာတွေအတွက် ဘုရားတည်လှူဒါန်းမယ်လို့ သိရပါတယ်..။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မုန်းချောင်းဒေသမှာရှိတဲ့ ဗုဒ္ဓဘာသာ (၁၃)ရွာအတွက် ရွှေတိဂုံပုံစံတူစေတီတော်ကို မင်းသားဝေဠုကျော်တို့မိသားစုက မတည်လှူဒါန်းပူဇော်မှာ ဖြစ်ပါတယ်..။

အဲ့ဒီအကြောင်းကိုတော့ ဝေဠုကျော်ဖောင်ဒေးရှင်းက လွန်ခဲ့တဲ့မိနစ်ပိုင်းက ရေးသားမျှဝေထားပြီး ရွှေတိဂုံပုံစံတူ စေတီတော်အတွက် နိူင်ငံ့ရတနာဆရာတော်မှ တာဝန်ယူ တည်ထားနေတယ်လို့ သိရပါတယ်..။

လုပ်အားပေးဒါနပြုနေကြတဲ့ လုပ်အားကုသိုလ်ရှင်များရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကိုလည်း မျှဝေထားပါသေးတယ်..။

ဘုရားတည်ကုသိုလ်လေးမှာပါဝင်လိုသူများအတွက်လည်း ဆက်သွယ်လှူဒါန်းနိုင်မယ့်ဖုန်းနံပါတ်များကိုလည်း “စေတီတော်အတွက် လှူဒါန်းလိုလျှင်

ဝေဠုကျော်မိသားစု

09-455500010

09-455500011

09-455500014

09-765500014

09-73034764..” ဆိုပြီး ရေးသားပြောပြထားပါသေးတယ်..။

ဘုရားတည်ကုသိုလ်လေးမှာ ပါဝင်ကုသိုလ်ယူလိုသူ ချစ်ရတဲ့ Myanmarload ပရိသတ်ကြီးများအတွက် သတင်းကောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဝေဠုကျော်ဖောင်ဒေးရှင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။