ပထမဆုံးလမ်းခွဲသွားသူကတော့ ဘောလုံးလောကရဲ့ သက်တော်ရှည်နည်းပြကြီး အာစင်ဝင်းဂါးပဲဖြစ်ပါတယ်။အသင်းနဲ့နှစ်ပေါင်းများစွာလက်တွဲခဲ့ပြီး အောင်မြင်မူတွေများစွာယူဆောင်လာပေးနိုင်သူလဲဖြစ်ပါတယ်။သူလောက် အသင်းကို သစ္စာရှိသူ တစ်ယောက်မှ မရှိပါဘူး။အာဆင်နယ်အသင်းကတော့ သူကို ဂုဏ်ပြုပေးပွဲ ပြုလုပ်ပေးချိန်မှာတော့ အာဆင်ဝင်းဂါး အပါအဝင် အာဆင်နယ်ကွင်းထဲမှာရှိတဲ့ သူတိုင်း မျက်ရည်မိုးရွာခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ ဘာစီလိုနာအသင်းရဲ့ ခေါင်းဆောင်ကြီး အင်နီယေစတာပဲဖြစ်ပါတယ်။နှစ်ပေါင်းများစွာအသင်းရဲ့ ကွင်းလယ်မှာနေရာယူထားပြီး စပိန်အသင်းရဲ့ အကောင်ဆုံးကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။မက်ဆီကိုလည်း ဂိုးပေါင်းများစွာ ဖန်တီပေးထားနိုင်ပါတယ်။အသင်းက ဂုဏ်ပြုပွဲပြုလုပ်ပေးပွဲမှာ အင်နီယေစတာတစ်ယောက် မျက်ရည်တွေ ထိန်းလို့မရအောင် ကျခဲ့ရပါတယ်။ဘာစီအတွက်နောက်ဆုံး ကစားပေးပြီး အိမ်မပြန်နိုင်ဘဲ ည၁နာရီကျော်အထိ တစ်ယောက်ထဲထိုင်နေပါတယ်။ထိုသတင်း ကြားရသူတိုင်း မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရပါတယ်။

နောက်တစ်ယောက်ကတော့ ကမ္ဘာ့ကျော်ဂိုးသမားကြီး ဘူဖွန်ပဲဖြစ်ပါတယ်။အသင်းရဲ့ ဂိုးပေါက်ကို နှစ်ပေါင်းများစွာစောင့်ရှောက်ပေးနေပြီး ဂျူပီတပ်အတွက်တော့ အစာထိုးလို့မရတဲ့ ဂိုးသမားကြီးပဲ ဖြစ်ပါတယ်။သူအတွက်ဂုဏ်ပြုပွဲ လုပ်နေချိန်မှာတော့ ကွင်းထဲမှာရှိတဲ့ လူတွေအကုန်လုံး မျက်ရည်အဝိုင်းသားနဲ့ လက်ခုပ်တီးပြီး ချီးမြင့်နေကြပါတယ်။အက်သလက်တီကို အသင်းရဲ့ ငယ်မွေးခြံပေါက် Torresဟာလည်းအသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။