ပရိသတ်တွေချစ်ခင်အားကျရတဲ့ ချစ်စရာအမွှာရင်သွေးလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ဆယ်လီတွေထဲမှာ အဆိုတော်ဝေလျှံကလည်း အမွှာသားချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်..။

လူငယ်အဆိုတော် ဝေလျှံတို့ဇနီးမောင်နှံကတော့ ချစ်စရာအမွှာသားချောလေးတွေရဲ့ အသက်(၇)လပြည့်မွှေးနေ့အလှူလေးကို အမွန်မြတ်ဆုံးကုသိုလ်လေးပြုလုပ်ပေးခဲ့ပါတယ်..။

အမွှာသားလေးတွေရဲ့(၇)လပြည့်မွေးနေ့အလှူလေးအဖြစ် သစ်တံခါးဆရာတော်ကျောင်းမှာ ကျောင်းရှိသံဃာတော်တွေအတွက် ဆွမ်းကပ်လှူဒါန်းကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်..။

မွေးနေ့အလှူလေးအတွက် သွားရောက်လှူဒါန်းခဲ့တဲ့ပုံရိပ်လေးတွေနဲ့ သာသနာ့ဘောင်ဝင်နေတဲ့နိုင်းဝမ်းနဲ့အတူအမှတ်တရဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်ကိုတော့ သားလေးတွေရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

သားချောလေးတွေဖြစ်ကြတဲ့ ဘုန်းသန့်ဝေလျှံကို နဲ့ ဘုန်းခန့်ဝေလျှံကို (၇)လပြည့်နေ့လေးမှာလည်း ကျိုက္ကစံဘုန်းဘုန်းထံ အလှူငွေများ ကပ်လှူပူဇော်ခဲ့ပါသေးတယ်..။

အဆိုတော်ဝေလျှံကတော့ အနုပညာလောကမှာ လူငယ်ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုအခိုင်အမာရရှိထားလို ချစ်စရာအမွှာသားချောလေးတွေနဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

Photo - ဝေလျှံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။