သတ္တုဓာတ်များစွာ ပါဝင်ပြီး ဗီတာမင်ဓာတ်ကြွေဝတဲ့ နာနတ်သီးဟာ ရင်အေးစေတဲ့အသီးတစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်း ကျိုးပေးတဲ့သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ကယ်လဆီယမ်၊ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ တို့ပေါကြွယ်ဝတဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ နာနတ်သီးစားခြင်းကြောင့် အရိုးတွေသန် မာစေပါတယ်။ မက်ဂနီယမ်ဓာတ် တွေပါဝင်တဲ့အတွက် အရိုး၊အကြောများကို ကောင်းစွာသန်စွမ်း စေပါတယ်။နာနတ်သီးကိုစားခြင်းကြောင့် လူငယ်ပိုင်းတွေအတွက် ကြီးထွားမှုမြန်စေပြီး လူကြီးပိုင်းအတွက် အရိုးတွေ သန်စွမ်းစေပါတယ်။မျက်လုံး ကိုအားကောင်းစေပြီး အမြင်အာရုံဝေးဝါးခြင်းတို့ကို များစွား ကောင်းမွန်စေပါတယ်။အသက်အရွယ်ကြီးလာ တာနဲ့အမျှ လေးလံထိုင်းမှိုင်းခြင်း၊ တို့ကိုကာကွယ် ပေးပါတယ်။ 

လိမ္မော်ရည်မှာပါဝင်တဲ့ ဗီတာမင်စီဟာ နာနတ်သီးမှာပါဝင်တဲ့ ဗီတာမင်စီကို မမှီသေးပါဘူး။ နာနတ်သီးရဲ့ ဗီတာမင်စီက ပိုကြွယ်ဝတဲ့အတွက်၊ အအေးမိခြင်း၊ ဖျားနာခြင်း၊ တို့ကိုသက်သာစေနိုင်ပါတယ်။နောက်တစ် ခုကတော့ နာနတ်သီးမှာပါတဲ့ ဘရိုမီလိန်ဓာတ်ဟာ ကင်ဆာရောဂါအတွက် အကောင်းဆုံးဆေးတစ်ခွက် ဖြစ်ပါတယ်။နာနတ်သီးမှာပါဝင်တဲ့ ဘရိုမီလိန်ဟာ ပန်းနာရင်ကြပ် ခြင်းကိုသက်သာစေပြီး အဆစ်အမြစ် ကိုက်ခဲခြင်း၊ တွေကိုလည်း ယူူပစ်သလိုပျောက်ကင်းစေနိုင်ပါတယ်။နာနတ်သီးမှာပါဝင်တဲ့ ဓာတ်တွေကို အကျိုးရှိရှိရရှိဖို့အတွက် သုံးဆောင်နည်းကတော့ အမြင်အာရုံအတွက် တစ်နေ့ကို (၃) လုံး၊အရိုးခိုင်မာဖို့ အတွက် တစ်နေ့ကို တစ်ခွက်သောက်သုံးသင့်ပါတယ်။နာနတ်သီးကို တစ်ခြားအသီးတွေနဲ့ရောမစားသင့် ပါဘူးနော်။ သူ့ရဲ့အာနိသင်က လျော့သွားစေနိုင်ပါတယ်။ ပြီးတော့ နေ့လယ်စား စားပြီးမှာသုံးဆောင်ပေးခြင်း ကလည်း အစာကြေညက်စေပြီး ဝမ်းမှန်စေပါတယ်။အစာချေဖျက်မှုကိုများစွာ အထောက်အကူဖြစ်စေနိုင် ပါတယ်။

အသက်အရွယ်ရလာလို အရေပြားတွန့်လိမ်ခြင်းတို့အတွက် သံလွင်ဆီ နာနတ်သီးတို့ဟာ အရမ်းကို အသုံး ဝင်တဲ့ ဆေးတစ်ခွက်ပါနော်။သံလွင်ဆီ(၂)ဇွန်း ၊နာနတ်သီး ရည်တစ်ခွက်၊နှင်းဆီရည် (၁)ဇွန်း ၊ရောပြီး မျက်နှာလိမ်းကျံပေးပါ။မလိမ်းမီမှာ မျက်နှာကို ဆေးကြောသန့်စင်ပေးဖို့လိုပါတယ်။မိန်စ်(၂)ခန့် လိမ်းကျံ ပေးပြီးသွားရင်တော့ မျက်နှာကို ရေနဲ့ဆေးချပေးပါ။တစ်ပတ်တစ်ခါ ပြုလုပ်ပေးပါက အသားအရေတွန့်ခြင်း ကိုထိရောက်စွာ သက်သာစေနိုင်ပါတယ်။ပျက်စီးနေတဲ့ဆဲလ်တွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။မျက်နှာ အပြင်လည်ပင်း၊ ခန္ဓာကိုယ်နေရာတွေမှာလည်း လိမ်းကျံပေးနိုင်ပါတယ်။ခန္ဓာကိုယ်အတွက်ကတော့ နွားနို့ ဖန်ခွက် တစ်ဝက်ခန့် ၊သံပုရာရည် ၊ကြက်ဥတစ်လုံး၊နနွင်းမှုန့် အနည်းငယ်၊ဂျုံမှုန့်အနည်းငယ်၊ ရောစပ်ပြီး လိမ်းကျံပေးရပါမယ်။ပြီးရင်တော့ ရေနွေးနဲ့ ပြန်လည်းဆေးကြောပေးပါနော်။ အရမ်းကို နှုးညံတဲ့အသားရည် ကိုပိုင်ဆိုင်စေမှာဖြစ်ပါတယ်။  

Source : ကြေးမုံ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။