ဇွန်လ ၂၉ ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးများတွင် ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားအား ပြသပါတော့မည်။မင်းသား ၇ ယောက်ဦးဆောင် ပါဝင်သရုပ်ဆောင်ထားကာ မိသားစုမိဘ မေတ္တာဖွဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ချစ်ခင်ကြည်နူးပျော်ရွှင်နေကြတဲ့ မိသားစုလေးထဲသို့ မမျှော်လင့်တဲ့ ကြမ္မာဆိုးတစ်ခု ဝင်ရောက်လာသောအခါ .... ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ..... စိတ်ဝင်စားဖွယ်ကောင်းပြီး ရသစုံပေးမယ့် ဇာတ်ကားပါ။ မိဘမေတ္တာဖွဲ့လား .... အက်ရှင်ဒရမ်မာလား .... သရဲကားလား .... အစုံခံစားနိုင်မှာလည်းဖြစ်ပါတယ် ။

ဇာတ်လမ်း - ချမ်းသာ( ရွှေမန်းသဘင်) ဇာတ်ညွှန်း - ငြိမ်းမင်း ၊ ဒါရိုက်တာ - ဝင်းထွန်းထွန်း ( အနုပညာပြချက်) ကျော်သူ ရန်အောင် မင်းမော်ကွန်း နေမျိုးအောင် ကျော်ကျော်ဗို မြင့်မြတ် ဟိန်းဝေယံ စိုးမြတ်သူဇာ နှင့် မေတ္တာ တို့နှင့်အတူ သရုပ်ဆောင်ပေါင်းမြောက်များစွာကကူညီပံပိုပေထားတာလည်း ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ် ကားကြီး တကယ်သရဲခြောက်တဲ့အိမ်မှာ ရိုက်ကူးထားတယ်လို့လည်းသိရပါတယ် ။ ဝိညာဉ်စိမ်းဇာတ်ကားကြီး က သရဲ ဇာတ်ကား မဟုတ်ပဲ သေသွားပြီးတဲ့အခါ မကျွတ်မလွတ် ဝိညာဉ်တွေ ရဲ့အကြောင်းကို ရိုက်ကူးမယ့် ပညာ ပေး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တယ်လို့သိရပါတယ်။ဒီဇာတ်ကားကြီး က ကျော်သူ အနုပညာအလုပ်တွေ ပြန် လုပ်တဲ့အချိန်မှာ တတိယ ဇာတ်ကားကြီး ဖြစ်ပြီးတော့ နာရေးကူညီမှုမှာ လုပ်ကိုင်ရင်းနဲ့တွေ့ကြုံတာတွေကို ထည့်သွင်းရိုက်ကူးသွားမယ် လို့သိရပါတယ်။ ပုပ္ပားတွင်ရိုက်ကူးထားတာလည်းဖြစ်ပါတယ် ။ ပရိသတ်ကြီးရယ် ဒီတစ်ခါမှာတော့ ဘယ်လိုကြောက်စရာကောင်းတဲ့ ဇာတ်အိမ်မျိုးတွေးကို ဖန်းတီးထားတယ်ဆိုတောတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် ။

photo scoure: we love myint myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။