ညက အသောက်များပြီး ခေါင်းကိုက်နေလား။ ဗိုက်နာနေလား။ အိပ်ရာထချိန်နောက်ကျပြီး အလုပ်လည်းပျက်သွားပြီးမဟုတ်လား။ ဒါဆို သင်အရက်နာကျနေတာ သေချာပါပြီ ။ အရက် နာကျရခြင်းအကြောင်းကို ကျွမ်းကျင်သူတွေတောင် အနည်းငယ်ပဲသိပါတယ်။ အရက်နာကျပြီး ခေါင်းကိုက်တာက ရေဓာတ်ခန်းခြောက်လို့ပြီး အရက်က ရေဓာတ်ကို စုပ်ယူသလို ဆီးသွား စေပါတယ် ။ ပြီးတော့ အရက်မသောက်တော့တဲ့အချိန်မှာ သွေးထဲမှာ အရက်ဓာတ်တွေ လျှော့နည်းသွားတာကို ခန္ဓာကိုယ် က လိုက်ပြီးထိန်းညှိနေရတဲ့အတွက် ခေါင်းကိုက်တာ ဘဲဖြစ်ပါတယ် ။

ရေများများသောက်ပါ

အရက်သောက်ချိန်မှာ ရေများများသောက်ဖို့လိုပါတယ်။ ဆိုလိုတာက အရက်တစ် ခွက်နဲ့ တစ်ခွက် ကြာမှာလည်း ရေများများ သောက်ဖို့လိုမှာဖြစ်ပါတယ်။ ဒီလိုမလုပ်ဖြစ်လိုက်ဘူး၊ မနက်နိုးတော့ မူးတူးတူးဖြစ်နေသေးတယ်ဆိုရင် ရေဓာတ်ပြန် ဖြည့်ဖို့လိုနေတာဖြ စ်ပါ တယ်။ ရေတစ်ဝကြီးသောက် ပစ်လိုက်ပါ။ ရေတစ်မျိုးထဲနဲ့မလုံလောက်ဘူး ဆိုရင် ကုန်ဆုံးသွားတဲ့ ဆားဓာတ်နဲ့ ပိုတက်စီယံဓာတ်တွေပြန်လည်ဖြည့်တင်းဖို့ အတွက် အားကစားသမား တွေ သော က်တဲ့ အားဖြည့်အချိုရေတွေ အုန်းရေနဲ့ စွပ်ပြုတ်ရေတွေလည်း သောက်သင့်ပါတယ် ။

အဆီအစိမ့်များများစားပါ

သမရိုးကျနည်းလမ်းကတော့ သံလွင်ဆီတစ်ဇွန်းလောက်ကို မသောက်ခင် သောက်ထား လိုက်ပါ။ တစ်ချို့လည်း ဒါကို မကြိုက်ကြဘူး။ အခြားအဆီအစိမ့်များတဲ့ အစားအစာတွေ စား ထားရင်လည်း အဆင်ပြေပါတယ်။ အူလမ်းကြောင်းက အရက်စုပ်ယူတာ ကြာအောင် လို့ ဒီလို လုပ်တာဖြစ်ပါတယ်။

သောက်ရင်း အချိုစား

သောက်ရင်းနဲ့ အချိုဓာတ်ပါတာတွေ စားသင့်ပါတယ်။ အချိုဓာတ်က အရက်ကို အမြန်ဆုံး အခြားဓာတ်တွေပြောင်းသွားအောင် အကူအညီပေးနိုင်ပါတယ်။ဒါကြောင့် အရက်နာကျတာ သက်သာစေပါတယ်။ အချိုဓာတ်က အရက်သောက်တုန်းစားရမှာနော်။ အရက်တစ်ခွက်နဲ့ တစ်ခွက်အကြားမှာ လိမ္မော်ရည်သောက်ပေးပါ။

မနက်စာစားပါ

အရက်သောက်ပြီးနောက်နေ့ မနက်စာစားဖြစ်အောင်စားပါ။ အစားအစာထဲမှာပါတဲ့ အဟာရက ရေဓာတ်ခန်းခြောက်မှုကို ပြန်လည်ဖြည့်တင်ပေးနိုင်ပါတယ်။ အစာကြေလွယ်တာလေးတွေ စားပါ။ အဆီအစိမ့်များတဲ့ အစားအစာက အရက်မသောက်ခင်မှာ စားရမှာဖြစ်ပေမဲ့ အရက်သောက်ပြီး နောက်မနက် စားတဲ့အစားအစာဟာ အစာကြေလွယ်တဲ့ အစားအစာဖြစ်ဖို့လိုပါတယ်။ ခေါက်ဆွဲပြုတ်လို့ မီးကင်ထားတဲ့ ပေါင်မုန့်တို့ ဆန်ပြုတ်သောက်တာတွေဟာ ကောင်းပါတယ်။

ဂျင်းတက်စားပါ

လူတွေကဟာ အော့အန်တာ မူးဝေတာတွေ ပျောက်ဖို့အတွက် ရာစုနှစ်ပေါင်းများစွာ ဂျင်းတ က်ကို စားခဲ့ကြပါတယ်။ ဂျင်းတက်ပြားလေးတွေကို စားပေးပါ။ အမေရိကန် အမျိုးသား ကျန်း မားရေးဌာန တွေကတော့ ဂျင်းတက်၊ပျားလိမ္မောလို့ အသီးတစ်မျိုးမျုးိနဲ့ သကြားသုံး မျိုးစပ် စား ပြီး အရက်သောက်တာက အန်တာတို့ အမှုးလွန်တာတွေကို လျော့ချနိုင် တယ်လို့ ဆိုပါ တယ်။

ပြန်အိပ်ပါ

အရက်နာကျတာက အိပ်မဝတာကြောင့်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အိပ်ယာထဲ ပြန်လှဲနေလိုက်ပါ။ ဒါက ခန္ဓာကိုယ်က သူဘာသာသူ ကုစားဖို့အတွက် နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

Source : Greatist.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။