“အရိပ်”ဇာတ်ကားမှာ စုစုလှိုင်အဖြစ် ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်နဲ့ မောင်ဖြစ်သူ သျှင်းမြတ်တို့ကတော့ နိဗ္ဗာန်ယာဉ်ကိုယ်တိုင်မောင်းပြီး ကုသိုလ်ပြုလုပ်ခဲ့ပါတယ်..။

ပြီးခဲ့တဲ့မေလ(၂၀)ရက်နေ့က နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့အတူ ကွယ်လွန်သူ ဦးထွန်းကြိုင် အသက်(၇၄)နှစ်ကို နေအိမ်ကနေထိန်ပင်သုသာန်ကို ကိုယ်တိုင်နိဗ္ဗာန်ယာဉ်မောင်းပြီး ကုသိုလ်ယူပို့ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်..။

အဲ့ဒီနောက်မှာ ကွယ်လွန်သူအားရည်စူးပြီး ကျန်ရစ်သူမိသားစုမှ နာရေးကူညီမှုအသင်း(ရန်ကုန်)

ကို အလှူငွေ (၃၀,၀၀၀/-) သုံးသောင်းကျပ်တိတိကို မွန်မြတ်စွာလှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်..။

မွန်မြတ်တဲ့ကုသိုလ်လေးကို အေးချမ်းစွာပြုလုပ်နေတဲ့ သူမတို့ရဲ့ပုံရိပ်လေးတွေကိုတော့ ဦးကျော်သူရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

ပြည်သူအချစ်တော်မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားပြီး အခုလို ကုသိုလ်ကောင်းမှုလေးတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်..။

မင်းသားချောလေး သျှင်းမြတ်ကလည်း အနုပညာလုပ်ငန်းတွေကို ပြုလုပ်နေပြီး မိန်းကလေးပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားသူလည်း ဖြစ်ပါတယ်..။

Photo - ဦးကျော်သူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။