နိုင်ငံကျော်အဆိုတော် နှစ်ဦးဖြစ်ကြတဲ့ အပြင် ပရိသတ်အခိုင်မာရှိပြီးသား တေးသံရှင်နှစ်ဦးရဲ့ ပေါင်းစည်းမှုနဲ့ သီဆိုရိုက်ကူူးထားတဲ့ IDFC အမည်ရှိတဲ့ MTV လေး တစ်ပုဒ် ထွက်ရှိခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အနေအထားအရ တစ်မှုထူးခြားပြီး မိန်းမချင်းကြိုက်တဲ့ စားသားတွေကို အပီအပြင် ရေးဖွဲ့ထားပြီး သီဆိုမှုပိုင်းရော သရုပ်ဆောင်ချက်တွေပါ ဟာကွက်မရှိအောင် ရိုက်ကူူးထားတာလေးကတော့ တကယ့်ကို မှတ်တမ်းတင်စရာ ပါပဲ ပရိသတ်ရေ။

fg entertainment ကထုတ်လွင့်တာဖြစ်ပြီး ရိုက်ကူးထားတာလေးကလည်း တော်တော်လေးကို မိုက်ပါ တယ်နော်။ ဒီးဒီ နဲ့ ဆိုဖီ လေးကတော့ အဆိုရော သရုပ်ဆောင်ချက်တွေပါ ပီပြင်လွန်းလှပါတယ်။ သီချင်း စာသားတွေကတော့ တော်တော်လေးကို လန်းနေပါတယ်။ “ သူမနဲ့ ကိုယ့် အကြိုက်တူ နှုတ်ခမ်းနီ သဘာဝနဲ့ တို့ဆန့်ကျင်ခဲ့သည် “ ဆိုတဲ့ စာသားလေးကလည်း ပရိသတ်တွေကြားထဲမှာ အင်မတန် ရေပန်းစား လူကြိုက်များခဲ့ပါတယ်။ သီချင်းတစ်ပိုဒ်လုံးကို နားထောင် လိုက်ရင် ရင်ထဲ ထိပြီး ကြိုက်နှစ်သက်မယ်ဆိုတာ အသေအချာပါပဲ။

ရင်ကိုထိတဲ့ သီချင်းတစ်ပိုဒ်ဆိုလည်း မမှားပါဘူး။ ဒီသီချင်းနဲ့ ပတ်သက်ပြီး ဒီးဒီက သူမရဲ့ fb မှာ share တဲ့အခါ “ကိုသီဟမမြင်ပါစေနဲ့ ဖျား” ဆိုပြီး စနောက်ပြီး ရေးထားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အနုပညာကို ရသမြောက်အောင် သီဆိုသရုပ်ဆောင်ထားတဲ့ အတွက် လေးစားမိပါတယ်။ ကမ္ဘာမှာ မိန်းမချင်းကြိုက်တာပဲဖြစ်ဖြစ် ယောင်္ကျာချင်းကြိုက်တာပဲဖြစ်ဖြစ် အချစ်ဟာ အချစ်ပဲဆိုတာကို လက်ခံတဲ့ သူတွေရှိသလို တစ်ချို့ကတော့ လက်မခံပဲ အခုထိ သဘဝကိုဆန့်ကျင်တယ် ဆိုပြီး ရုှံချနေကြတဲ့ သူတွေလည်း ရှိပါတယ်။ IDFC MTV လေးကို ကြည့်ရှုရင်း ဒီးဒီး နဲ့ ဆိုဖီ တို့ရဲ့ အနုပညာလေးတွေကိုလည်း အားပေးကြပါဦးနော်။

သတင်းအရင်းအမြစ် - Sandi Myint Lwin's FB


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။