မြန်မာလက်ရွေးစင် အသင်းနည်းပြသစ်ကတော့ မြန်မာဘောလုံးကစားသမားများ ကြိုးစားအားထုတ်မူကိုကျေနပ်အားရပါကြောင်း ပြောပြလာပါတယ် ။ မြန်မာလက်ရွေးစင်ဘောလုံးကစားသမားလေးများကတကယ်တော်ကြပါတယ်လို့ ချီကျုးထားပါတယ် ။ပထမဆုံး လေ့ကျင်ခန်းအစီအစဉ်ကို မေလ ၂၁ရက် ကပြုလုပ်သွားတာလည်းဖြစ်ပါတယ် ။ 

နည်းပြသစ်လက်ထက်မှာ အသင်းခေါင်းဆောင်ဖြစ်လာတဲ့ နောက်ခံလူ ဇော်မင်းထွန်းကတော့ နည်းပြသစ် အန်တွန်နီဟေးက နည်းစနစ်ပိုင်းကို ဦးစားပေး လေ့ကျင့်ပေးနေတယ်လို့ ပြောပါတယ်။ “နည်းပြနဲ့က တစ်ရက်ပဲ လေ့ကျင့်ရသေးပေမယ့် သူလိုချင်တဲ့ပုံစံက ဘယ်လိုလဲဆိုတာ ကျွန်တော်တို့ သိနေပါပြီ။ သူက နည်းစနစ်ပိုင်းကို ဦးစားပေးပါတယ်။ နည်းပြက အခုမှ စလက်တွဲရတာဖြစ်လို့ နည်းနည်း စိတ်ရှည်ပေးဖို့တော့ ပြောချင်တယ်။ ကျနော်တို့ဘက်ကတော့ ပရိသတ် စိတ်ကျေနပ်မယ့် ခြေစွမ်းနဲ့ ရလဒ်ရအောင်တော့ အစွမ်းကုန် ကြိုးစားသွားမှာပါ။” ဟုလည်းပြောသွားပါတယ် ။

မြန်မာ့လက်ရွေးစင်အသင်းဟာ လာမယ့် မေလ ၂၆ ရက်မှာ တရုတ်လက်ရွေးစင်အသင်းနဲ့ နန်ကျင်းမြို့မှာ သွားရောက်ခြေစမ်းမှာပါ။ မြန်မာ့လက်ရွေးစင်အသင်းမှာ ကစားသမား ၂၃ ဦး ရွေးချယ်ထားပြီး နောက်ခံလူ နန္ဒကျော် ဒဏ်ရာရနေတဲ့အတွက် အားကာသိပ္ပံ လူငယ်အသင်းက နောက်ခံလူ စိုးမိုးကျော်ကို အစားထိုး ရွေးချယ်ထားပါတယ်လို့သိရပါတယ် ။ 

photo scoure : DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။