ပိုင်တံခွန်က အောင်မြင်နေတဲ့ မော်ဒယ်သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ် ။ သူကတော့ အပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားထားတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချော လေး လဲဖြစ်ပါတယ် ။ မိန်းကလေး ပရိသတ်တွေရဲ့ဝန်းရံမှုအများအပြားရထားတဲ့ မင်းသား တဟ် ယောက်လည်းဖစ်ပါတယ် ။ သူကသူ့ရဲ့ Fan တွေကိုအမြဲတမ်းလေးစားပြီး Fan တွေနဲ့တရင်း တနှီးနေတတ်တဲ့ မာနမကြီးသူလေးလဲဖြစ်ပါတယ် ။

သူ့ရဲ့ အမာခံ fan တွေကတော့ သူရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေပြီး သူ့ကိုအမြဲဝေဖန် အကြံပေးနေကြတာပါ ။ သူက " တခါတတော့လည်း ကလေးတွေဆူတာခံရတဲ့ဘဝကိုဘဲ ကမ္ဘာလို့ ထင်နေမိတယ် " ဆိုပြီး ဆေးလိပ်သောက်နေတဲ့ပုံကိုတင်ပြီး Fan လေးတွေကို စနောက်လိုက်ပါတယ် ။ comment တွေမှာတော့ သူ့ရဲ့အမာခံ Fan လေးတွေက ဆူတာ ကိုခံနေရပါတယ် ။ " တော်ကီနဲ့ချုပ်ပြီး ဆေးလိပ်တွေ ညာတာပါတေး နဲ့သောက် နေတ ယ် " ဆိုတဲ့မှတ်ချက်တွေကိုလဲ သူ့ရဲ့ပို့စ်အောက်မှာတွေ့ရပါတယ် ။

သူကတော့ သူ့ရဲ့Fan တွေကို အမြဲတမ်း စနောက်နေတတ်တဲ့ ဟာသဉာဏ်ရွှင် သူလဲဖြစ်ပါ တယ် ။ မကြာသေးမီက သူ့ရဲ့ သူငယ်ချင်း မော်ဒယ်တစ်ယောက်နဲ့ ချစ်သူတွေပါဆိုပြီး ပရိ   သတ် ကို စနောက်ခဲ့ပါသေးတယ် ။ ဒါပေမယ့် မကြာခင်မှာဘဲ သူချစ်သူရပြီဆိုပြီး ဝမ်းနည်း နေတဲ့ သူ့ရဲ့ Fan လေးတွေကို စနောက်တာပါလို့ပြန်လည်ဖြေရှင်းခဲ့လို့ စိတ်ပူနေတဲ့ Fan လေးတွေ စိတ်သက်သာရာ ရခဲ့တာပါ ။ ကဲ.. ပိုင်တံခွန်ကိုချစ်တဲ့ သူ့ရဲ့ပရိသတ်တွေအတွက် အဆူခံနေရတဲ့ သူ့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ် ။

Source : Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။