သိပ်ချစ်ခဲ့တဲ့ အဆိုတော်တစ်ယောက်ရဲ့အသည်းကွဲစကား။ ရဲရင့်အောင်ကနေပြီးတော့ သူ့အနေနဲ့ စိတ်ခံစားမှုနဲ့အလုပ်အပေါ် မရောထွေးစေရဘူးလို့ ပြောကြားခဲ့ပါတယ်။ အချစ်ရေးနဲ့ပတ်သတ်ပြီး အသည်းကွဲနေတဲ့ ရဲရင့်အောင်ကနေ သူပျော်မယ်ဆိုရင် အရာရာအဆင်ပြေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

" ကျွန်တော်အခုလောလောဆယ် ကျွန်တော်တစ်ယောက်တည်းအဆင်ပြေပါတယ်။ ကျွန်တော့်ကို စိတ်မပူပါနဲ့လို့ ပရိသတ်တွေကို ပြောချင်ပါတယ်။ အချစ်နဲ့ပတ်သတ်ပြီးတော့ ကျွန်တော်ချစ်ရတဲ့သူတစ်ယောက်ရဲ့ အသိုင်းအဝိုင်းတစ်ခုမှာ ပါဝင်ပတ်သတ်ခွင့်ရသည်ဖြစ်စေ၊ မရတော့သည်ဖြစ်စေ သူပျော်နေမယ်ဆိုရင် ကျွန်တော့်အတွက် အရာရာအဆင်ပြေပါတယ်။ အဲလိုပဲခံယူထားပါတယ်။ " 

" ကိုယ်မြင်ထားတာ၊ ကိုယ်ထင်ထားတာတွေနဲ့ပဲ တစ်ဖက်သားကို အမုန်းမပွားကြပါနဲ့လို့ ကျွန်တော်ပြောချင်ပါတယ်။ နောက်ကွယ်မှာ ဘယ်သူမှမသိတဲ့ကိစ္စတွေ ရှိနေနိုင်တာပဲလေ။ ကိုယ်ချစ်တဲ့သူ စိတ်ဆင်းရဲမှာကိုတော့ ဘယ်သူမှမလိုချင်လို့ အခုလို့ပြောတာပါ။ ကျွန်တော်အများကြီးကြိုးစားနေပါတယ်။ ကျွန်တော့်ကိုယ်ရေးကိုယ်တာက သက်သက်၊ အလုပ်က သက်သက်ပါ။" 

၂၀၁ရခုနှစ်မှာလဲ သီချင်းပုံစံအသစ်တွေနဲ့ ပရိသတ်တွေအတွက်အကောင်းဆုံးပြင်ဆင်ထားတဲ့ ရဲရင့်အောင်ရဲ့ ဒုတိယမြောက်စီးရီးကိုလဲ ထုတ်သွားမှာဖြစ်ပြီး ဖေဖော်ဝါရီလမတိုင်ခင် ပရိသတ်တွေအတွက် Music Video တစ်ပုဒ် လက်ဆောင်ပေးသွားဖို့ရှိတယ်လို့ ဆိုခဲ့ပါတယ်။

Source : myanmarcuties

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။