အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အောင်မြင်မှုတွေရရှိထားတဲ့ မင်းသမီးချောပပဝင်းခင်ကတော့ အေးချမ်းမှုအစစ်အမှန်တွေရှိတဲ့ ဘုရားရိပ်တရားရိပ်မှာ ကုသိုလ်ယူနေတာ တွေ့ရပါတယ်..။

မင်းသမီးပပဝင်းခင်ကတော့ လတ်တလောမှာ သူမတို့မိသားစုတည်ထားလှူဒါန်းထားတဲ့ ဘုရားမှာ ကောင်းမှုကုသိုလ်လေးတွေပြုရင်း အေးချမ်းနေတာပါ..။

ကုသိုလ်လေးတွေပြုရင်း အေးချမ်းနေတဲ့သူမရဲ့ ပုံရိပ်လေးတွေကိုတော့ မင်းသမီးချောပပဝင်းခင်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပြန်လည်နေရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

“ပပတို့မိသားစုလှူထားသောဘုရားမှာ ကုသိုလ်ယူ.. အေးချမ်းတယ်လေ..” ဆိုပြီး ကုသိုလ်ယူနေရင်း အေးချမ်းနေတဲ့သူမရဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

သူမရဲ့ရိုးရိုးယဉ်ယဉ်ပုံရိပ်လေးတွေနဲ့ အေးချမ်းတဲ့အလှတရားတွေကြောင့်လည်း ပရိသတ်တွေကအမြဲအချစ်ပိုနေရတာလည်း ဖြစ်ပါတယ်..။

အနုပညာလှုပ်ငန်းတွေကို အချိန်တစ်ခုထိရပ်နားထားတဲ့ မင်းသမီးချောပပဝင်းကတော့ လတ်တလောမှာ အနုပညာလုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

Photo - ပပဝင်းခင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။