အမျိုးသမီးတွေအနေနဲ့တစ်ချို့ကတော့ မွေးရာပါ နှလုံးရောဂါပါလာတတ်တဲ့ သူတွေရှိကြပါတယ်။ ဒါပေမဲ့ သူတွေလေးတွေ က ကိုယ်ဝန်ဆောင်၊ ကလေးမွေးနိုင်လားဆိုတာကတော့ မေးခွန်ထုတ်စရာဖြစ်ပါတယ်။တစ်ချို့ကတော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ကလေးယူဖို့ ဆုံးဖြတ်ကြပါတယ်။ 

နှလုံးရောဂါရှိတဲ့သူတွေ ကလေးယူမယ်ဆိုရင်တောင်မှ ကိုယ်ဝန်ရင့်လာချိန်မှာ ပိုဂရုစိုက်သင့်ပါတယ်။ ကိုယ်ဝန် ဆောင်အမျိုးသမီးအနေဖြင့် စိတ်လူပ်ရှားမှု့၊ တွေကြောင့် သွေးပေါင်ချိန်တွေတက်လာတတ်ပါတယ်။နှလုံး အလုပ်လုပ်ရတဲ့အပေါ်မှုတည်ပြီး ဆိုးကျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ နှလုံးခုန်နှုန်းတွေ မူမမှန်ခြင်း၊ နှလုံးအလုပ် မလုပ်တော့ခြင်း၊ များဖြစ်ပေါ်တတ်ပြီး မွေးလာတဲ့ ကလေးပေါင်မပြည့်ခြင်း၊ ကလေးအသေမွေးခြင်း များ ဖြစ်နိုင် ပါတယ်။

ကလေးရောမိခင်ပါ ကျန်းမာစွာ မွေးဖွားဖို့ ကျန်းမာရေး ဆေးစစ်ချက်တွေကို ပုံမှန်လုပ်ပေးပါ။ အနားယူရပါမယ်။ စိတ်ပျော်ရွင်အောင်ထားပေးရပါမယ်။ ဆေးလိပ်များ၊ အရက်များ လုံးဝမသောက်မိပါစေနဲ့။ ဒါကြောင့် နှလုံး ရောဂါအခံရှိတဲ့မိန်းကလေးတွေ အနေနဲ့ ကလေးယူတော့မယ်ဆိုရင် သေချာဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ယူသင့် မယူသင့် သေချာဆုံးဖြတ်စေချင်ပါတယ်။ ကလေးရော မိခင်ပါအရေးကြီးတဲ့အတွက် သေချာဂရုစိုက်နိုင်မှ ရမှာ ဖြစ်ပါတယ်။ အားလုံးကျန်းမာကြပါစေ။ 

Source : youtube 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။