တချိန်က ကမ္ဘာကို နျုုကလီးယား နဲ့ချိန်းခြောက်နေတဲ့ မြောက်ကိုရီးယာ သမ္မတကတော့ အခုချိန်မှာ နျုုကလီးယား ကိုဖျက်သိမ်းတော့ မည်ဟုသိရပါတယ် ။ မြောက်ကိုရီးယားဟာ နိုင်ငံအတွင်းမှာရှိတဲ့ နျူကလီးယား စမ်းသပ်ရေးစခန်းတွေ ဖျက်သိမ်းမှုကို တောင်ကိုရီးယားသတင်းထောက်တွေလာရောက်သတင်းရယူခွင့်ကိုနောက်ဆုံးမှာတော့ ခွင့်ပြု လိုက်ပြီ ဖြစ်တယ်လို့ ယွန်ဟက်သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရသိရပါတယ်။ 

ပန်မွန်ဂျွန် မှာရှိတဲ့ မြောက်ကိုရီးယားရဲ့ ဆက်သွယ်ရေးလိုင်းကတဆင့် တောင်ကိုရီးယားက သတင်းယူမယ့် သတင်းသမားတွေ့ရဲ့စာရင်းကိုပို့လိုက်ပြီး အဲဒီသတင်းထောက်တွေကို မြောက်ကိုရီးယားအာဏာပိုင်က လက်ခံလိုက်ပါတယ်။ အဲဒီထဲမှာ သတင်းစာတိုက်က သတင်းထောက်လေးဦးနဲ့ ရုပ်သံသတင်းထောက် ၄ဦးစီ ပါတယ်လို့ တောင်ကိုရီးယားရဲ့ပေါင်းစည်းရေးဝန်ကြီးဌာနကို ကိုးကားပြီး ယွန်ဟက်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

ဒီတိုးတက်ပြောင်းလဲမှုကို တောင်ကိုရီးယားက လက်ခံကြိုဆိုပြီး ဒါဟာ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားဖျက်သိမ်းရေးအစီအစဉ်ကို မြန်မြန်ဆန်ဆန်နဲ့ အပြည့်အဝဖော်ဆောင်နိုင်မယ့် လမ်းကြောင်း ဘက်ကို ဦးတည်နေတယ်လို့ မျှော်လင့်ထားပါတယ်။မြောက်ကိုရီးယားရဲ့ ပန်ညီရီ နျူကလီးယားစမ်းသပ်ရေးစခန်းကို ဖျက်သိမ်းဖို့ မြောက်ကိုရီးယား ခေါင်းဆောင်တွေက မေလ ၂၃ ရက်နဲ့ ၂၅ ရက်ကြားမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ 

Photo scoure : BBC 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။