လူငယ်ပရိသတ် အများစိတ်ဝင်စားမူကိူခံရသော မိစန္ဒီ ကတော့ အခုလက်တစ်လောမှာတော့ အသဲကွဲခံပြီး သီချင်းရေးဖို့ အတွက်ကုန်ကြမ်းတွေရှာနေတယ် လို့သူမ facebook page မှာရေးသားထားတာလည်း ဖြစ်ပါတယ် ။ facebook သိပ်မသုံးဖြစ်တော့ မေ့နေပြီးလားဆိုပြီး ပရိသတ်များကိုမေးထားပါတယ် ။ 

တစ်ချို့ ပရိသတ်တွေက မေ့နေကြပါပြီဆိုပြီး မိစန္ဒီ ကပြောပါတယ် ။ ပရိသတ်တွေက သူမရဲ့ အပြောလေးကို သဘောကျနေကြပါတယ်။ မိစန္ဒီဟာ ဒီနှစ်(၂၀၁၈)အစပိုင်းမှာ ပရိသတ်တွေကို သီချင်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။ အဲ့ဒီသီချင်းနာမည်က”ဦးနှောက်မဲ့ငတုံး” ဖြစ်ပါတယ်။အဲ့ဒီသီချင်းသစ်ကလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ သီချင်းသစ်ဖြစ်ပါတယ်။

“ဦးနှောက်မဲ့ငတုံး” လို့နာမည်ပေးထားတဲ့ သူမရဲ့ သီချင်းသစ်ကတော့ လုံးဝကို အမိုက်စားပါပဲ။ပရိသတ်တွေကြားထဲမှာ “စနှိုက်ကြော်မနဲ့ ခြံခုန်နွား နင်တို့အမြဲပျော်နိုင်မယ်ထင်လို့လား” ဆိုတဲ့စာသားကတော့ အပေါက်ဆုံးလို့ ပြောရမှာပါ။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ စီးရီးတွေကို ထွက်ရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ် ။ပရိသတ်ကြီး ကလည်း အသဲကွဲခံပြီး သီချင်းရေးဖို့ကုန်ကြမ်းရှာနေတဲ့ မိစန္ဒီ လေးကိုမေ့မထားပါနဲ့အုံးနော် ။

photo scoure : Mi sandi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။