ဒီကနေ့မှာဆိုရင်တော့ ပရိတ်သတ်တွေကြားမှာ ရေပန်းစားလှတဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဘေဘီမောင်ကတော့ လူအများလေးစားအားကျလောက်စရာ အလှူတစ်ခုကိုပြုလုပ်ခဲ့တာတွေ့ရပါတယ်။

သူမကတော့ ပရိတ်သတ်တွေချစ်ကြတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို လှပမှုအပေါင်းသရဖူးဆောင်းထားသူလေးတစ်ဦးပဲဖြစ်ပါတယ်။

ဘေဘီမောင်ကတော့ ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် ဒိတ်ကုန်းကျေးရွာအုပ်စု ပေါက်တန်းကျေးရွာမှာ မေလ ၁၉ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ မုဒိမ်းကျင့်လည်လှီးခံရပီးသေဆုံးခဲ့ရတဲ့ မအေးအေးခိုင် ရဲ့ မိသားစုကို အလှူငွေ သုံးသိန်းကျပ် သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ အနုပညာအလုပ်တွေနဲ့ မအားနိုင်ဖြစ်နေပေမယ့် အားလပ်ချိန်လေးတစ်ခုရအောင်ဖန်တီးကာ မိမိတတ်စွမ်းသလောက် အခုလိုလှူဒါန်းခဲ့တာလေးကတော့ လေးစားအားကျစရာတစ်ခုပါပဲ။

ဒါ့အပြင် ဘေဘီမောင်ကတော့ “အဲဒီအိမ်လေးရောက်မှဖြစ်စဉ်ကိုတိတိကျကျသိခဲ့ရတာပါ ။သူတို့မှာသားလေး လေးယောက်ရှိပါတယ် ။လည်အလှီးခံရတဲ့ခလေးက ဟယ်လ်ပင်ကလေးဆေးရုံမှာပါ အသက်အန္တရယ်မစိုးရိမ်ရတော့ပါဘူးရှင့်၊ ကျန်ခဲ့တဲ့မိသားစုလေးအတွက်ဘေဘီနဲ့အတူ အလှူဒါနလေးပြုပေးဖို့တောင်းဆိုပါတယ်ရှင်၊ သနားစရာကောင်းပီးချို့တဲ့ တဲ့မိသားစုးလေးအတွက်အလှူရှင်များများပေါ်ပါစေလို့ဆုတောင်းပါတယ်ရှင်” ဆိုတဲ့စကားလေးတွေကိုပါ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပြောကြားခဲ့တာတွေ့ရပါတယ်။ လူသားချင်းကိုယ်ချင်းစာတဲ့ စိတ်ဓာတ်လေးနဲ့ အခုလို စေတနာသဒ္ဒါတရားရှေ့ထားကာ မိမိတတ်စွမ်းသလောက် လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ ဘေဘီမောင်ရဲ့ ကုသိုလ်လေးကိုလည်း ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

source - Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။