ပြည်သူ့အသည်းကျော်မပွတ်ကျွတ်လေးကတော့ ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ ချစ်ပြီးရင်းချစ် အောင် ထပ်လုပ်လိုက်ပြန်ပါပြီ။ အသက်လေးဆယ် ကျော်အရွယ်ဖြစ်ပေမယ့် သူမကဆယ် ကျော်သက်လေးတစ်ယောက်လို လှပနုပျိုနေဆဲပါပဲ။ သမီးဖြစ်သူထိပ်ထိပ်လေးနဲ့ အတူတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေမှာဆို ညီအမလို့တောင်ထင်ရလောက်အောင် နုပျိုလွန်းသူ တစ်ယောက်ပါပဲ။ အပြုံးလေးတွေက တကယ်ကိုပဲ အသည်းကြွေချင်စရာပါပဲ။

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး ချစ်စဖွယ်သမီးလေး စံထိပ်ထားဦးဟာလည်း အမေ့ခြေရာနင်းမယ့်သမီးလေး ဖြစ်ပြီး လက်ရှိမှာတော့ ကြော်ငြာ လေးတွေရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲမှာလည်း အကယ်ဒမီရွှေကြို မယ်အဖြစ်နဲ့ ပါဝင်ကူညီခဲ့ပါသေးတယ်။

လူငယ်ဆန်ဆန်ပုံရိပ်လေးတွေပဲဝတ်ဝတ် မြန်မာဆန်ဆန်ပုံစံမျိုးကိုပဲဆင်ဆင် သူမရဲ့နုနယ်တဲ့ ပုံစံလေးက အထင်းသားပေါ် လွင်နေပါတယ်။ မခိုင်လေးကိုချစ်တဲ့ ပရိသတ်တွေအတွက် မပွတ်ကျွတ်ရဲ့ ချစ်စဖွယ်ပုံလေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။