လှအဉ္စလီတင့် ဆိုတဲ့ မင်းသမီးလေးတစ်လက်ကတော့ အရင်တုန်းကသာမက ယနေ့အချိန်ထိပါ ပရိသတ်တွေရဲ့ နှလုံးသားထဲကနေ ထုတ်လို့မရတဲ့ မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။ လတ်တလောမှာ အနုပညာအလုပ်တွေရပ်နားထားပေမယ့် သရုပ်ဆောင်မှုတွေကတော့ ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ ယနေ့တိုင်စွဲထင်ကျန်ရစ်နေလောက်အောင် အသက်ဝင်ကောင်းမွန်ခဲ့တာပဲဖြစ်ပါတယ်။

မွေးသမိခင်ကျေးဇူးရှင်မေမေအပေါ်မှာ အရမ်းသိတတ်နားလည်တဲ့ မင်းသမီး လှအဉ္စလီတင့်ရဲ့ စကားလေးတစ်ချို့ဟာဆိုရင်တော့ လတ်တလောမှာပရိသတ်တွေရဲ့ နှလုံးသားကိုကြည်နူးမှုတွေများစွာပေးနိုင်ခဲ့တာကိုတွေ့ရပါတယ်။ သူမရဲ့စကားလေးကတော့

“ဘုရားအမ -ကျောင်းအမ -ရဟန်း အမ ကြီး -မေမေ

မေမေ ရေ မေမေ ဖြစ်စေချင်တဲ့ မင်းသမီးလေး ဘဝ ကို သမီး ဖြစ်အောင် ကြိုးစား လုပ်ခဲ့ ပေးတယ်

မေမေ လည်း ပင်ပန်း ခဲ့တယ်

သမီးလည်း လုပ်ကျွေး ခွင့်ရခဲ့တယ်

သားအမိနှစ်ယောက် ရတဲ့ငွေ လေးတွေ စုပြီး လောဘကိုသက် ..သာသနာ့ အကျိုး အတွက် ဘုရားတွေ ပြုပြင် ကုသိုလ် ဒါနလေး မျိုးစုံ ကို မမေ့မလျော့ ကျိုးစား လုပ်ခဲ့ ကြတယ် နော်

နောင်ကို လည်း မေမေ နေ့စဉ်ကုသိုလ်တွေ ရအောင် ကျိုးစား လုပ်ပေးမယ်

ဒီဘဝမှာဘဲ တရားထူးတွေ ရအောင်

အသက်ရှည်အောင် ..

ဒီထက်ပိုပြီး ပြုစု လုပ်ကျွေး ပါ့မယ် မေမေ “ ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။

ထိုစကားလေးတွေထဲမှာတော့ သားသမီးတစ်ယောက်အနေနဲ့ မိခင်အပေါ်မှာထားရှိတဲ့ လေးစားမှု ရိုသေကိုင်းရှိုင်းမှု ၊ အပြန်အလှန်ထားရှိတဲ့ သံယောဇဉ်ကြိုးလေးတွေက ပေါ်လွင်လှသလို ဘုရားနဲ့တစ်ကိုင်းတည်းထား ကိုးကွယ်သင့်တဲ့ မိဘအပေါ်မှာ ထားရှိတဲ့ သူမရဲ့ ရိုသေကိုင်းရှိုင်းမှုတွေက လေးစားအားကျ အတုယူစရာကောင်းလှပါတယ်။ပရိတ်သတ်တွေလည်း မင်းသမီး လှအဉ္စလီတင့် လို မိဘအပေါ်မှာ ရိုသေကိုင်းရှိုင်းပြီး ရှိနေတဲ့အချိန်လေးမှာ မိမိတို့တတ်နိုင်သလောက် ကျေးဇူးဆပ်နိုင်တဲ့ သားသမီးလေးတွေဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

source - Hla Inzali Tint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။