မြန်မာ့လက်ဝှေ့ချန်ပီယံကြီး ဒေ့ဗ်(ဒေဝ)ကတော့ လက်ရှိမြန်မာပြည်ရဲ့ကိုယ်စားပြုဖိုက်တာတစ်ဦးအဖြင့်ရပ်တည်ခဲ့တာအချိန်အတော်ရှိခဲ့ပါပြီ။ မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုနှင့်အတူ ကြိုးစားအားထုတ်မှုများစွာကိုလည်းမကြာခနပြသတက်သူတစ်ဦးလည်းဖြစ်ပါတယ်။ 

လက်ရှိကိုယ်ပိုင် မြန်မာ့လက်ဝှေ့သင်တန်းကျောင်းဖွင့်လစ်ထားပြီး မျိုးဆက်သစ်များစွာ မွေးထုတ်ပေးနေကြောင်း သိရပါတယ်။ အဆိုပါ မျိုးဆက်သစ်သင်တန်းသားတွေထဲမှ ဒီကနေ့ ဒေဝရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ပြသထားတဲ့ ဗီဒီယိုဖိုင်လေးက ပရိသတ်တွေရဲ့ ကြည်နူးမှုကို ရယူခဲ့ပါတယ်။  

အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ တကယ့်မျိုးဆက်သစ်လေးတစ်ဦးကို သူ့ရဲ့လေ့ကျင့်မှုပုံစံတွေအတိုင်း သင်ကြားပို့ချပေးနေတာပဲဖြစ်ပါတယ်။ လက်ရှိ လက်ဝှေ့ချစ်ပရိသတ်တွေအကြည့်များနေတဲ့ မြန်မာ့လက်ဝှေ့ကျော်ဒေဝရဲ့ မျိုးဆက်သစ်လေ့ကျင့်မှု ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Dave

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။