လတ်တလော ၀ိုင်းစုခိုင်သိန်းနဲ့ တက်တူးပုံတွေကအစ ပြန့်လာပြီးနောက် ပရိသတ်တွေကို အောင်လကနေ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။

‘‘ကျွန်တော် လောလောဆယ် မဖြေချင်သေးဘူး။ အလုပ် ကိုပဲ အာရုံစိုက်နေတယ်။ အသိပေးလို့ရရင် အသိပေးမှာပါ။ သိပ်မလိုတော့ပါဘူး။ ခဏလေးစောင့်ပေးပါ။ လောလောဆယ် အလုပ်ပိနေတာလည်းပါတယ်’’

လတ်တလောတွင် တစ်ကိုယ်တော်အခွေအသစ်တစ်ခွေ စီစဉ်နေပြီး Idiots အဖွဲ့နှင့် ပေါင်း၍ ဖျော်ဖြေပွဲပြုလုပ်ရန် အစီအစဉ်ရှိကြောင်း အောင်လကနေ ပြောကြားခဲ့ပါတယ်။ 

အသုံးတော်ခံလို့အမည်ပေးထားတဲ့အခွေမှာ အချစ်နှင့် သက်ဆိုင်သည့် အကြောင်းအရာ သီချင်းများထက် ဘဝနှင့်သက်ဆိုင်သည့် သီချင်းများ ပို၍ပါဝင်မှာဖြစ်ပြီး သူ့ရဲ့ဘဝနှင့်သက်ဆိုင်သည့် အကြောင်းများ ပါဝင်မယ်လို့ ပြောကြားခဲ့ပါတယ်။ 

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။