သေဆုံးပြီးတဲ့နောက် ကိုယ်ခန္ဓာလှူဒါန်းချင်သူများအတွက်လိုအပ်ချက်
အလှူ့တကာအလှူထဲမှာ အမြတ်ဆုံးအလှူဖြစ်တဲ့ မိမိသေဆုံးပြီးနောက် ကြွင်းကျန်ခဲ့တဲ့ ခန္ဒာကိုယ်ကို လှူဒါန်းချင်သူတွေအတွက်
လိုအပ်တာလေးတွေ ရေးပေးထားပါတယ်။
၁။ မှတ်ပုံတင် (မူရင်း၊ မိတ္တူ)
၂။ အသိသက်သေ
၃။ အိမ်ထောင်စုဇယား (မူရင်း၊ မိတ္တူ)
၄။ ရပ်ကွက်ထောက်ခံစာ
၅။ A,B,C,HIV ဆေးစစ်ချက်
၆။ ဓာတ်ပုံ (၃ ~ ၅) ပုံ
နောက်ပိုင်း အမှတ်စဉ် ၃ မှ ၆ အထိ
သိပ်မလိုအပ်တော့။
ဒါပေမယ့် အစုံပါသွားရင်အကောင်းဆုံးပေါ့
.
လှူလို့ရတဲ့နေရာတွေကတော့>>
၁။ ရန်ကုန်ဆေးတက္ကသိုလ်
၂။ မန္တလေးဆေးတက္ကသိုလ်
မှတ်ချက်။ ။မန္တလေးဆေးတက္ကသိုလ်ဆိုရင်
မြေညီထပ် ဝင်ဝင်ချင်း နောက်ဖက်ကအခန်းမှာ
စုံစမ်းလို့ရပါတယ်ခင်ဗျာ
မန္တလေးဆေးတက္ကသိုလ်မှာလှူဒါန်းရန်အတွက်
ဖုန်းနံပါတ်
၀၂-၃၉၀၅၁
၀၉-၂၀၀၆၆၃၈
---
မျက်ကြည်လွှာလှူဒါန်းချင်သူများအတွက်လိုအပ်ချက်>>
၁။ မှတ်ပုံတင် (မူရင်း)
၂။ အသိသက်သေ
အမှတ်စဉ် (၂) မပါလည်းအဆင်ပြေပါသည်။
ပါလျှင် ပိုကောင်းပါတယ်ခင်ဗျာ
.
မျက်ကြည်လွှာလှူဒါန်းနိုင်သောလိပ်စာများ>>
က။ အမှတ်၃၀၊ နတ်မောက်လမ်း၊ မျက်စိဆေးရုံအပေါ်ထပ်၊ ရန်ကုန်မြို့
ခ။၂၃လမ်း၊လမ်း၈ဝနှင့်၈၁လမ်းကြား၊ မနနလဆေးရုံ၊
ပထမထပ်၊ အနောက်ဖက်အခန်း မန္တလေး။
ဆက်သွယ်ရန်ဖုန်း>>>
၀၁-၅၄၁၃၀၆
၀၁-၅၅၇၉၅၅
၀၁-၅၅၇၉၅၆
၀၁-၅၄၉၁၇၁
၀၂-၃၉၄၅၀
၀၂-၃၁၂၀၃
၀၂-၃၁၂၀၀
---
သွေးလှူဒါန်းချင်သူများအတွက်လိုအပ်ချက်>>
၁။ ကျန်းမာရေးကောင်းမွန်ရန်။ (အိပ်ရေးဝဝအိပ်ထားရန်)
၂။ A,B,C,HIV ရောဂါများကင်းရှင်းရန်။
၃။ သွေးကို (၄)လတစ်ကြိမ်သာလှူဒါန်းနိုင်ပါသည်။
.
သွားရောက်လှူဒါန်းနိုင်သောနေရာ။>>
မန္တလေးဆေးရုံကြီးမှာရော၊
ရန်ကုန်ဆေးရုံကြီးမှာရောလှူဒါန်းလို့ရပါတယ်ခင်ဗျာ
မန္တလေးမှာဆိုရင်-
အမျိုးသားသွေးလှူဘဏ်၊ ဆေးရုံကြီးဝင်းအတွင်း (ရရလမ်းနှင့်ပိုနီး)
-----
Donation (Body+Cornea+Blood)
"ဆရာသမား၊ မိတ်ဆွေ၊ သူငယ်ချင်းတို့အပေါ်၌ ပန်ကြားခြင်း"
ကျွန်တော် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့သည်ရှိသော်
ကျွန်တော်ကွယ်လွန်တာ သတင်းရလျှင်ရခြင်း အောက်ပါဖုန်းနံပါတ်တို့ကို
ဆက်သွယ်ပေးပါရန် လေးစားစွာ အကူအညီတောင်းပါတယ်ခင်ဗျာ။ ။
(မြန်မြန်အကြောင်းကြားနိုင်လေ ပိုပြီးအဆင်ပြေလေပါ။)
ခန္ဓာကိုယ်အလှူအတွက် ဆက်သွယ်ရန်ဖုန်း>>>
၀၂-၃၉၀၅၁
၀၉-၂၀၀၆၆၃၈
မျက်ကြည်လွှာအလှူအတွက် ဆက်သွယ်ရန်ဖုန်း>>>
၀၁-၅၄၁၃၀၆
၀၁-၅၅၇၉၅၅
၀၁-၅၅၇၉၅၆
၀၁-၅၄၉၁၇၁
၀၂-၃၉၄၅၀
၀၂-၃၁၂၀၃
၀၂-၃၁၂၀၀
Credit - Nay La
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။