မခိုင်လေး တစ်ယောက် နွေနေပူပူ ကို ကျော်လွန်ပြီး လောကရဲ့ အအေးမြဆုံး နေရာတစ်ခုကို သွားရောက်ခိုနားခဲ့ပါတယ်။မခိုင်လေးတစ်ယောက် ရှုတင်နားခိုက် ကရင်ပြည်နယ် မှာတည်ထားကိုးကွယ်တဲ့ ကျောက်ကလပ်စေတီတော်မြတ်ကြီးကို သွားရောက်ဖူးမျော်ခဲ့တာဘဲဖြစ်ပါတယ်။ တစ်ဆက်တည်းမှာဘဲ ကော့ကွန်းဂူ ကို လည်းသွားရောက် ခဲ့ကြောင်း သိရပါတယ်။  

ဘုရားရိပ် ၊ တရားရိပ်ဟာ လောကမှာ အအေးမြဆုံးအရိပ်တွေထဲက တစ်ခုပါ ။ မခိုင်လေးတစ်ယောက် နွေနေပူပူ မှာတောင် အေးမြလှတဲ့ မြတ်စွာဘုရားရဲ့ မေတ္တာအေးရိပ်မှာခိုလှုံနေရတဲ့အတွက် စိတ်ချမ်းမြေ့နေပုံပါဘဲ ။ ပရိသတ်တွေကတော့ ယခင်ကထက် ဆံပင်ပိုရှည်လာတဲ့ မခိုင်လေးရဲ့ အလှကို မှတ်ချက်တွေမှာစာဖွဲ့နေကြလေရဲ့။ 

လတ်တလောမှာ ဂျစ်ကားစီးဖူးသလား ဇာတ်လမ်းကို ရိုက်ကူးနေတဲ့ မခိုင်လေးတစ်ယောက် ယခင်ကလိုဘဲ ယုတ်လျော့မသွားတဲ့ အလှတရားတွေကို ပိုင်ဆိုင်ခွင့်ရနေတာ ရှေးဘဝက ဘယ်လိုကုသိုလ်တွေကြောင့်လဲလို့မေးခွန်းထုတ်ချင်စရာပါ။ ကဲပရိသတ်ကြီးရေ မခိုင်လေးရဲ့ ခရီးသွား မှတ်တမ်းလေးကို တခြားသူတွေအတွက် မျှဝေပေးပါဦးနော်။

Source - Khine Thin Kyi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။