လူငယ်တေးသံရှင်များဖြစ်ကြတဲ့ အဆိုတော်လွမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲလေးကတော့ ပရိသတ်တိုင်း အား ကျနေတဲ့ အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့စုံတွဲလေးကတော့ တစ်ယောက်အပေါ်တစ်ယောက်နား လည်မှု၊ချစ်ခြင်းမေတ္တာတွေနဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လို က်ဖြတ်သန်းလာခဲ့တာ အခုဆိုရင် (၉)နှစ်ဆိုတဲ့ အံ့သြစရာ ချစ်သူသက်တမ်း အချိန် ကာလ တစ်ခုကိုတောင် ရောက်ရှိနေကြပြီပဲ ဖြစ်ပါတယ်။အနုပညာလုပ်ငန်းတွေသာမက High Skool ဆိုတဲ့ လူငယ်ဖက်ဆိုင်လေးဖွင့်လှစ်ပြီး စီပွားရေးဘက်မှာလည်း တက်ညီလက်ညီလုပ်ကိုင်နေကြ တဲ့ သူတို့စုံတွဲလေးကို ပရိသတ်တွေ အားမကျပဲ နေပါ့မလားနော်။ 

မေလ(၂၆)ရက်နေ့ မနေ့ကလည်း Bobby Soxer ရဲ့ မွေးနေ့ အလှူလေးအဖြစ်နဲ့ ရွှေတိဂံဘုရားကြီးပေါ်မှာ လှူ ဒါန်းမှုကုသိုလ်တွေကို နှစ်ယောက်သားအတူတူလုပ်ကိုင်ခဲ့ကြပါတယ်။ဘုရားဖူးလာ ပရိသတ်တွေကို အအေးအ လှူဒါနပြုခဲ့ကြတဲ့အပြင် ရွှေတိဂုံဘုရားကြီးပေါ်မှာ ဆီမီးတစ်ထောင်လှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ချစ်သူကောင် မလေးရဲ့ မွေးနေ့အလှူလေးမှာ ပါရမီဖြည့်ရင်း လွမ်းပိုင်တစ်ယောက် အရမ်းကြည်နူးနေတာ ပုံရိပ်လေးတွေထဲ မှာအတိုင်းသား မြင်တွေ့နေရပါတယ်။ 

လွမ်းပိုင်ကတော့ လက်တလောပရိသတ်တွေကြားမှာ ငါကိုနမ်းတဲ့ မုန်တိုင်းရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်စိတ် ဝင်စားမှုအရမ်းကို မြင့်တက်နေပါတယ်။ဂီတလောကမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ လွမ်းပိုင်ကတော့ သ ရုပ်ဆောင်ဘက်ကိုပါ တွဲဖက်လုပ်ကိုင်လာပြီး အနုပညာခြေ လှမ်းအသစ်တွေနဲ့ စိန်ခေါ်မှုအသစ်တွေကို ပြုလုပ် ခဲ့တာပဲ ဖြစ်ပါတယ်။လွမ်းပိုင်ရဲ့ ကြိုးစားမှုအသစ်တွေနဲ့ လူမှုကွန်ယက်မှာရော ပရိသတ်တွေကြားမှာပါ နာမည် ကြီးနေတဲ့ ငါကိုနမ်းတဲ့ မုန်တိုင်းရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေကြည့်ပြီပြီလား?။

သတင်းအရင်းအမြစ် - လွမ်းပိုင်နဲ့ Bobby Soxer

Photo - Credit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။