ပရိသတ်အချစ်တော်ရွှေမှုန်ရတီကတော့ ဆယ်ကျော်သက်လူငယ်လေးဆိုပေမယ့်လည်း အနုပညာလောကမှာ တော့တကယ်ကို ထူးချွန်တဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။သူမကတော့ ခပ်မိုက်မိုက်ဖက် ရှင်လေး တွေနဲ့လည်းအမြဲမြင်တွေ့ရပြီး မြန်မာနိုင်ငံကပရိသတ်ထုကြီးရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်ထားနိုင်သူတစ်ဦးပဲ ဖြစ် ပါတယ်။ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ပွင့်လင်းရိုးသားတဲ့အချက်လေးကလည်း သူမအပေါ်ပရိသတ်တွေ သဘောကျနေတဲ့ အဓိကအချက်လေးပဲ ဖြစ်ပါတယ်။ 

မကြာခဏနိုင်ငံခြားခရီးစဉ်လေးတွေနဲ့ ရှော့ပင်းထွက်လေ့ရှိတဲ့သူမကတော့ ရှော့ပင်းထွက်ရတာ သူမရဲ့ အနှစ် သက်ဆုံးအရာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။တစ်ခါတစ်လေမှာရှော့ပင်းထွက်တာများသွားရင်လည်း အမေဆူ မှာကြောက်ရပါသေးတယ်။လက်ရှိမှာလည်း ရှော့ပင်းထွက်ချင်စိတ်လေးတွေဖြစ်နေလို့ အမေဆဲခံရမှာလည်း ကြောက်နေရတဲ့ အကြောင်းလေးကို “ အော် ငါနှယ် ဘာတွေဝယ်လို့ ဝယ်ချင်နေမှန်းမသိ စိတ်ထဲကနေ shopping ထွက်နေတာ နိုင်ငံစုံသွားတယ်။

ငါလေးရူးများရူး နေတာလားဟင်ရွှေမှုံရတီ တို့ ပိုးမသေးပါဘူး ဟယ် ရှာနေရင်း ကုန်ဖို့တွေးနေတာ အမေဆဲ မယ့်အပေါက်တွေ ဟေ့”လို့သူမရဲ့ လူမှုကွန်ယက်မှာရေးသားထားတာတွေ့ရပါတယ်။သူမရဲ့ အမေနဲ့ ပတ်သတ် ပြီးလည်းဘယ်လိုချစ်ကြောင်း မီဒီယာအင်တာဗျူးတွေမှာမကြာခဏဖြေလေ့ရှိပါတယ်။ရွှေမှုန်နဲ့ သူမရဲ့ မေမေ ကတော့ တကယ်ကိုချစ်ဖို့ကောင်း တဲ့ သားအမနှစ်ယောက်ပါပဲနော်။ ရွှေမှုန်ရတီကတော့လက် ရှိမြန်မာ့ရုပ်ရှင် လောကရဲ့ ဝင်ငွေအကောင်းဆုံးအနုပညာရှင်စာရင်းဝင်သူလေးဖြစ်တဲ့အပြင်အရည်အချင်းရှိပြီး ထက်မြက်တဲ့ မိန်းကလေးတစ်ဦးအဖြစ်တာကြောင့် ပရိသတ်တွေအားကျနေရသူလေးလည်း ဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - ရွှေမှုန်ရတီ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။