နာမည်ကျော်များဖြစ်ကြတဲ့ နေတိုးနဲ့မေမြင့်မိုရ်တို့နှစ်ယောက် ဓာတ်ပုံရိုက်ကွင်းတစ်ခုမှာ အတူတူရိုက်ကူး ခဲ့ကြတာပဲဖြစ်ပါတယ်။ အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင် ထားတဲ့ နေတိုးနဲ့ မြန်မာဝတ်စုံလေးကို ကျက်သရေရှိရှိဆင်မြန်းထားတဲ့ မေမြင့်မိုရ်တို့ နှစ်ယောက်သား လိုက်ဖက်လွန်းနေပါတယ်။

နှစ်ယောက်လုံးဟာလည်း အောင်မြင်တဲ့ မင်းသားမင်းသမီးတွေအဖြစ်နဲ့ အနုပညာလမ်း ကြောင်းပေါ်မှာ ရပ်တည်နေကြသူတွေလည်းဖြစ်ပါတယ်။ ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားပြီး လက်ရှိအချိန်ထိ အောင်မြင်မှုကို အပြည့်အဝထိန်းသိမ်းထားနိုင်သူတွေလည်း ဖြစ်ပါတယ်။

ပရိသတ်ချစ်ခင်အားပေးတဲ့အနုပညာရှင်တွေဖြစ်ကြပြီး လိုက်ဖက်ညီလွန်းတဲ့ပုံရိပ်လေးတွေ က မြင်သူတိုင်းကြည်နူးချင်စရာကောင်းလွန်းနေပါတယ်။ နှစ်ယောက်သားရဲ့ပုံရိပ်တွေကို နေတိုးက " Shooting " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ လိုက်ဖက်ညီလွန်းတဲ့ နေတိုးနဲ့ မေမြင့်မိုရ်တို့ရဲ့ပုံရိပ် လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo - Nay Toe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။